Book 20 Chp 9

67 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 20 
Chapter 9 (ရန်သူ)

၀တ်စုံဖြူ၀တ်ကောင်မလေးက စကြာ၀ဠာထက်မှာ မတ်တတ်ရပ်လျက် အဝေးက တောင်တန်းတွေကို ငေးကြည့်လို့နေပါတယ်။ သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး ချက်ချင်းပဲ ကြေးဆွဲပြားတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ကီစွမ်းအင်ကို ဆွဲပြားထဲဖြည့်လိုက်တဲ့အခါမှာတော့..

အုန်း အုန်း ဒုန်း…

ဆွဲပြားဟာ အံ့မခန်းကို  ပူပြင်းလာခဲ့ပြီလေ။

တောင်တန်းကြီးဟာ.. တကယ်တော့ သွေးနတ်ဘုရားကျောင်းတော်ရဲ့ ဌာနချုပ်ပါ။ ဒါကို သွေးရေကန် တောင်တန်းလို့လည်း သိထားကြတယ်လေ။ ဒီတောင်တန်း တခွင်ကို ၀င်္ကဘာ အထပ်ထပ်ကာကွယ်လို့ထားတဲ့အတွက် စတေးဝါးတားနော့မွန့်ကလန်တောင် ဘာမှမတတ်နိုင်ခဲ့ဘူးလေ။

တောင်းတန်းကြီးတွေထဲမှာတော့…. အင်မတန်ကြီးမားတဲ့ နန်းတော်ကြီးတစ်ခု…

နန်းတော်ရဲ့အပေါ်မှာတော့ အဇူရာ အလင်းတွေ ဖြာထွက်လို့နေတဲ့ ကျောက်စိမ်းခုတင်ကြီးတစ်ခု ရှိလို့နေပါတယ်။ ကျောက်စိမ်းခုတင်အထက်မှာတော့… သွေးရောင်၀တ်စံကို ၀တ်ဆင်လို့ထားပြီး မျက်လုံးကနေ သွေးအလင်းတွေ ဖြာထွက်လို့နေတဲ့ လူကြီးတစ်ဦးထိုင်နေလို့ပါ။ သူကတော့ သွေးနတ်ဘုရားကျောင်းတော်ရဲ့ ခေါင်းဆောင် သွေးမင်းသား တဖြစ်လဲ သွေးနတ်ဘုရားပေါ့..။

“အဲ..”
သွေးမင်းသားလည်း မျက်မှောင်ကြုတ်လိုက်ပါတယ်။ ချက်ချင်းပဲ လက်ကိုဝှေ့ယမ်းလိုက်ပြီးတော့ ကြေးဆွဲပြားကို ထုတ်ယူပြီးကြည့်လိုက်ပါတော့တယ်။ ကြေးဆွဲပြားဟာ အင်မတန်ကို ပူလောင်လို့နေပါတယ်။

သွေးမင်းသားလည်း တခဏတော့ တွေဝေသွားခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျောက်စိမ်းခုတင်ထက်ကနေ သူပျောက်ကွယ်လို့ သွားခဲ့ပြီလေ။ သိပ်မကြာခင်မှာပဲ တောင်ထိပ်က ကောင်းကင်ယံထက်မှာ သူပေါ်လို့လာခဲ့ပြီလေ။ ကြေးဆွဲပြားရဲ့ ပဲ့တင်သံထပ်မှုကို ခံစားပြီးတော့ ၀တ်စုံဖြူ၀တ် မိန်းကလေး ရှိရာကို သူလှမ်းကြည့်လိုက်ပါတယ်။ ခြေတစ်လှမ်း လှမ်းလိုက်ပြီးတဲ့အခါမှာတော့ သူမနံဘေးကို သူရောက်လို့ သွားခဲ့ပါပြီ။ တလေးတစား  သူဦးညွတ်လိုက်ပြီး
“မင်္ဂလာပါ တမန်တော်..။”

ဂျိနင် Book 16 & 17 & 18 & 19 & 20Where stories live. Discover now