-35-

2.5K 283 14
                                        

အပိုင်း(၃၅)_မျက်နှာဖုံးအောက်ကမျက်နှာ

"ဒိုင်း!..."

"ဒိုင်း!!..."

ကျည်ဆံတွေ ဟိုမှဒီကို ကူးလူး ဖြတ်သန်းနေကြပြီး ယမ်းငွေ့တလူလူနဲ့ ရဲတပ်ဖွဲ့တွေနှင့် မြေအောက်​အဖွဲ့နှစ်ခုတို့ကြား အပြန်အလှန် ပစ်ခတ်နေသည့် မြင်ကွင်းကို ထွဋ်ခေါင် အပေါ်စီးမှ လှမ်းကြည့်နေရင်း ဆေးလိပ်ဖွာနေမိသည်။ သိပ်မကြီးလှသည့် ပြတင်းပေါက်လေးမှ အောက်ထပ်က တိုက်ပွဲကို လှမ်းကြည့်နေသည့် သူ့ကို အောက်ထပ် တိုက်ပွဲထဲက လူတွေ မြင်ကောင်းမြင်ရလိမ့်မည်။

ဒီညနေ လက်နက်နှင့်ပစ္စည်း အပေးအယူ ကိစ္စရှိသောကြောင့် ဒီနေရာကို ထွဋ်ခေါင် ကိုယ်တိုင် ရောက်လာခဲ့ခြင်းဖြစ်သည်။ အပေးအယူ မလုပ်ရသေးမီ မျှော်လင့်မထားသည့် ဧည့်သည်တွေအပြင် ရဲတွေပါ ရောက်လာသောကြောင့် စွန့်ပစ်ထားသည့် ဤစက်ရုံဟောင်းကြီးထဲတွင် သုံးပွင့်ဆိုင် တိုက်ပွဲဖြစ်ပွားနေရခြင်းဖြစ်သည်။

"ဘာလို့ သတင်းပေါက်ကြားသွားရတာလဲ၊ ဒီလောက်ပိပိရိရိ လုပ်ထားတာကို..."

ငွေရောင်မျက်နှာဖုံးအောက်က ထွဋ်ခေါင် မျက်ခုံးတွေဟာ အလိုမကျမှုများနှင့်အတူ တွန့်ချိုးလျက်ရှိနေသည်။ ဦးနှောက်ထဲတွင်လည်း တစ်ခုခုကို တွေးတောနေမိပြီးနောက် နောက်ကွယ်က တရားခံကိုလည်း ခန့်မှန်းလိုက်ပြီးဖြစ်သည်။

"ထွက်ပေါက်မှာ Fidem စောင့်နေတယ်၊ ပြီးတော့ အစ်ကိုလေးရှိန်းလည်း လာနေပြီ ခေါင်းဆောင်"

"သွားစို့..."

ထွဋ်ခေါင် နောက်လိုက် နှစ်ယောက်နှင့်အတူ ထိုနေမှထွက်ကာ အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။

အောက်ထပ်ရောက်တော့ အသုံးမပြုတော့သည့် ကုန်ထုတ်စက်ကြီးပေါင်းများစွာရှိသော ခန်းမကျယ်ကြီးကို ဖြတ်သန်းရသည်။ ထွဋ်ခေါင် ရှေ့ကနေ ခပ်သွက်သွက်လျှောက်နေပြီး ခြေတစ်လှမ်းအကွာမှာတော့ နောက်လိုက်နှစ်ယောက် ပါလာကြသည်။ သေနတ်သံတစ်ချို့ ခန်းမကျယ်ကြီးထဲတွင် တစ်ချက် တစ်ချက် ထွက်ပေါ်လျက်ရှိသည်။

"ဒိုင်း!!..."

ပြေးဝင်လာတဲ့ ကျည်ဆံကြောင့် ထွဋ်ခေါင် ချက်ချင်းပင် ကြီးမားတဲ့ စက်ကြီးတစ်ခုနောက် ခုန်ဝင်ကာ ရှောင်လိုက်သည်။ သူ့လူတစ်ယောက် လက်ကို ထိမှန်သွားသည်။ စက်ခေါင်းကြားက ချောင်းကြည့်လိုက်တော့ တစ်ဖက်က အဖွဲ့မှာ (၄)ယောက်ဖြစ်သည်။

The Dark Nights in the Rain Where stories live. Discover now