-42-

954 88 11
                                        

အပိုင်း(၄၂)_မိုးရေထဲက ဆုတောင်း

စစ်ပိုင် ခေါင်းထဲက မူးနှောက်နှောက်ခံစားချက်နှင့်အတူ အသိစိတ်တို့ပြန်လည် ရောက်ရှိလာကြသည်။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စက်ကြမ်းပြင်ပေါ် လဲလျောင်းလျက်ရှိတာကြောင့် ထဖို့သူကြိုးစားလိုက်သည်။ ခြေရောလက်ရော ကြိုးတုတ်ခံထားရသဖြင့် ထဖို့ရာ အတော်ကြိုးစားလိုက်ရသည်။

"အ..."

ဖြည်းဖြည်းခြင်း ထထိုင်လိုက်သည်နှင့် ခြေထောက်ဆီက နာကျင်မှုစူးစူးကို ခံစားလိုက်ရသည်။

"ကျစ် အား..."

ခပ်တိုးတိုး ညည်းညူရင်း ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။ သူ့ကို လာဖမ်းသူတွေနှင့် တိုက်ခိုက်စဉ်က မတော်တဆ ထိခိုက်မိသွားခြင်းဖြစ်သည်။ ကြီးကြီးမားမားမဟုတ်သော်လည်း ပြေးလွှားဖို့ကိုတော့ အနှောက်အယှက်ဖြစ်စေလိမ့်မည်။

"သတိရလာသေးသားပဲ၊ သေပြီထင်နေတာ"

မရင်းနှီးလှသော စကားသံတိုးတိုးတစ်ခုကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်မိတော့ စည်တစ်ခုကိုမှီပြီးထိုင်နေသည့် နေဘုန်းခကို တွေ့လိုက်ရသည်။ စစ်ပိုင် အံ့ဩစွာဖြင့် နေဘုန်းခအား မေးလိုက်မိသည်။

"မင်းက ဒီကို ဘယ်လိုရောက်နေတာလဲ"

"အလည်လာတယ်ထင်နေတာလား..."

မျက်မှောင်ကြုတ်ရင်း ဘုကန့်လန်ဖြေလာသော နေဘုန်းခကို စစ်ပိုင် အမြင်ကပ်စွာ လက်သီးဖြင့် ထထိုးချင်သော်လည်း လက်ပြန်ကြိုးတုပ်ထားသောကြောင့် မတတ်နိုင်သဖြင့် မျက်စောင်းသာထိုးပစ်လိုက်ရသည်။ ထို့နောက်တွင် နှစ်ယောက်သားကြား အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။ စစ်ပိုင် စကားဆက်ပြောရန် စဉ်းစားလိုက်မိသော်လည်း နှစ်ယောက်ကြားတွင် ထူးထူးခြားခြား ပြောစရာစကားတို့ကလည်း ရှိမနေခဲ့ပေ။

"မင်းခန့်ရော..."

အချိန်တော်တော်ကြာသွားပြီးမှ စစ်ပိုင် နေဘုန်းခကို မေးလိုက်သည်။

"သူ မနက်စာ ထွက်ဝယ်တုန်း အိမ်ထဲကို လူတွေရောက်လာကြတာ၊ ပြီးတော့ မေ့ဆေးအုပ်ခံလိုက်ရတာပဲ၊ မင်းကရော... ကမ်းခြေက စံအိမ်မှာ နေနေတာမဟုတ်လား"

The Dark Nights in the Rain Wo Geschichten leben. Entdecke jetzt