အပိုင်း(၂၀)_စစ်ပိုင် (သို့မဟုတ်) Awl
လေအေးပေးစက်၏ လုပ်ဆောင်မှုကြောင့် အခန်းတွင်းအပူချိန်မှာ အေးမြလို့နေသည်။ မှောင်မိုက်မိုက်အခန်းငယ်လေးအတွင်းတွင် ဆူးခက်နွယ်က ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး ရန်နောင်ကတော့ မတ်တပ်ရပ်လျက် သူ့ရှေ့ရှိ မှန်သားပြင်တစ်ဖက်သို့ မမှိန့်မသုန်ကြည့်နေလေသည်။ မှန်သားပြင်တဖက်ရှိ အခန်းမှာတော့ ရဲဇာနည်နှင့်နေဘုန်းခတို့ နယ်စပ်ဒေသမှ ဖမ်းဆီးရမိခဲ့တဲ့ မှောင်ခိုမှု တရားခံများထဲက တစ်ဦးကို စစ်ဆေးမေးမြန်းလျက်ရှိသည်။
နေဘုန်းခက တရားခံနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လျက် စစ်ချက်ယူနေပြီး ရဲဇာနည်ကတော့ မေးကိုခပ်ဖွဖွပွတ်သတ်ရင်း နံရံကိုမှီလျက် အခန်းထောင့် အမှောင်တွင်ရပ်နေသည်။ နေဘုန်းခက တရားခံနဲ့ အမေးအဖြေလုပ်ရင်း လက်ချောင်းသွယ်သွယ်တို့က laptop keyboard တို့ပေါ် ပြေးလွှားလျက်ရှိသည်။ ရဲဇာနည်ရဲ့ စက္ခုအာရုံတွေကတော့ နေဘုန်းရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ဆီက ဟမ်းချိန်လေးဆီမှာ စုပြုံလျက်ရှိနေပြီး တစ်စုံတစ်ခုကို စဉ်းစားတွေးတောလျက်သည်။
"အဲ့တော့ မင်းတို့က ပစ္စည်းပို့သမား သက်သက်ပဲမလား"
တဖက်တရားခံကောင်လေးက မျက်နှာငယ်လေးဖြင့် ခေါင်းညိတ်ပြလေသည်။
"မင်းတို့ ဒီ Paradise မှာ ဘယ်သူ့ဆီ ပစ္စည်းသွင်းရမှာလဲ"
"မသိဘူး၊ ကျွန်တော်မသိဘူး"
နေဘုန်း စိတ်မရှည်စွာ စားပွဲကို ထုရိုက်လိုက်သံက အခန်းကျဉ်းလေးအတွင်း ပဲ့တင်ထပ်သွားသည်။
"ဒီတိုင်း ငြင်းနေရုံနဲ့ မင်းကိုဘယ်သူမှ မကယ်နိုင်ဘူး"
နေဘုန်း ထိုင်နေရာက ထရပ်လိုက်ပြီးမှ စားပွဲပေါ်လက်ထောက်ပြီး ခါးကိုကိုင်းညွတ်ကာ ထိုတရားခံကောင်လေး၏ မျက်နှာအနီးသို့ တိုးကပ်သွားလိုက်သည်။
"ကောင်လေး မင်းအသက် အခုမှ (၂၀) စွန်းစွန်းပဲ ရှိသေးတယ်၊ မင်းတစ်ဘဝလုံး မှောင်ခိုမှုနဲ့ ထောင်ထဲနေချင်သလား"
YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...