-27-

964 115 6
                                    

အပိုင်း(၂၇)_ ငါနဲ့ထိပ်​တိုက်​တွေ့ချင်​ရင်​ ရှေ့ဆက်​တိုးခဲ့

နေ့လည်​ခင်းအချိန်​ ဖြစ်​သော်​လည်း မိုးသားတို့ အနည်းငယ်​ရှိနေသဖြင့်​ နေရောင်​ခြည်​က မပူပြင်းလှပေ။ မိုးငွေ့ပါသည့်​ လေအေးအေးက ဖြည်းညင်းစွာ တိုက်​ခတ်​လျက်​ရှိသောကြာင့်​ ချမ်းစိမ့်​စိမ့်ပင်​ဖြစ်​နေသေးသည်​။ အေးစိမ့်​စိမ့်​လေထုနှင့်​အတူ သက်​သောင့်သက်​သာဖြစ်​လှသည့်​ အခန်းကျယ်​အတွင်းတွင်​ ထွဋ်​ခေါင်​တစ်​ယောက်​မဂ္ဂဇင်းတစ်​အုပ်​ကို ကြည့်​ရင်း အနက်​ရောင်​ဆိုဖာပေါ်ထိုင်​လျက်​ရှိသည်​။

"အသင့်​ဖြစ်​ပါပြီရှင်​"

ဝန်​ထမ်းအမျိုးသမီး၏ အသံကြားသဖြင့်​ ထွဋ်​ခေါင် ​ခေါင်းမော့ကြည့်​လိုက်​သည်​။ သူ့ရှေ့က အနီရဲရဲ ကန့်​လန့်​ကာက တဖြည်းဖြည်း ပွင့်​ဟလာခြင်းနှင့်​အတူ သူ့နှလုံးခုန်သံတို့ တဖြည်းဖြည်း မြန်​ဆန်​လာခဲ့သည်​။

"ရှိန်း"

ခပ်​တိုးတိုး အာမေဍိတ်​သံသာပြုရင်း သူ့ရှေ့က အဖြူရောင်​နတ်​သားကိုငေးစိုက်​ကြည့်​နေမိသည်​။

ကုတ်​အင်္ကျီကော်​လံ၏ အနားသားလေးတွေကို အနက်​ရောင်​ ကတ္တီပါအနားကွပ်​ထားသည့်​ အဖြူရောင်​ဝတ်​စုံဖြင့်​ ရှိန်းသည်​ နတ်​သက်​ကြွေအလား လှပနေသည်​။ ဖြူဖွေးဝင်းမွတ်​သည့်​အသားအရေသည်​ အဖြူရောင်​မင်္ဂလာဝတ်​စုံနှင့်​ပနံသင့်​နေပြီး ပါးပြင်​နုနုသည်​ သဘာဝအတိုင်းပင်​ ပန်းနုရောင်​သမ်းနေသည်​။ ထွဋ်​ခေါင်​ရင်​ထဲ တဖွားဖွားထွက်​ပေါ်လာသည်က ဆေးမကူသည့်​ နှုတ်​ခမ်းဖူးဖူးတွေကို နမ်းရှိုက်​ပစ်​လိုသည့် စိတ်ဆန္ဒသာဖြစ်တော့သည်။

"အရမ်းလှတာပဲ..."

ထွဋ်​ခေါင်​ လှိုက်​လှိုက်​လှဲလှဲပြောလိုက်​မိတော့ ရှိန်းက ကျေနပ်စွာပြုံးလေသည်​။

"ဒါလင်​ရောကြိုက်​လား"

ရှိန်းက သဘောကျစွာဖြင့် ကြေးမုံပြင်​ထက်​သူ့ကိုယ့်​သူ သေချာစွာလှည့်ပတ်​ကြည့်​ရင်း ထွဋ်​ခေါင်​ကို လှမ်းမေးသည်​။

The Dark Nights in the Rain Tahanan ng mga kuwento. Tumuklas ngayon