-49-

5.1K 196 52
                                        

အပိုင်း(၄၉)_အရုဏ်ဦးကို ရောက်ပြီ

စက်တင်ဘာလ၊ (၂၀၂၅) ခုနှစ်။

သေးငယ်လွန်းသည့် မိုးစက်ဖွဲဖွဲလေးတို့သည် ကောင်းကင်ယံမှ ဖြည်းဖြည်းလေး ခုန်ဆင်းနေကြသည်။ လေချိုအေးလေးက မိုးရနံသင်းသင်းကို သယ်ဆောင်ရင်း သူ့ဆီကို ခရီးဦးကြိုကြသည်။ စိုစွတ်နေအေးစက်နေသော မြေသားပြင်ပေါ်ခြေချလိုက်မိသည်နှင့် စွတ်စိုမှုနှင့် အေးချမ်းမှုတို့က သူ့ဆီကို ဆီးကြိုနှုတ်ဆက်ကြလေသည်။ မိုးစင်စင်မလင်းသေးသည့် အချိန်ကာလဖြစ်သောကြောင့် နေမင်းသည်ပင် ခေါင်းပြူမလာသေးပေ။ ပတ်ဝန်းကျင်တစ်ခွင်လုံးသည် နေခြည်မဆမ်းသေးသော်လည်း မိုးစက်မိုးမှုန်တို့အောက်၌ဝယ် လန်းဆန်းတက်ကြွလျက်ရှိနေကြသည်။

'ဂျိမ်း...'

ထောင်ဘူးဝက သံတံခါးမကြီးပိတ်သွားသည့် အသံသည် နားထဲတွင် ပဲ့တင်ထပ်လို့နေသည်။ မင်းခန့် အေးစက်မှုကို ခံစားလာရသဖြင့် ဝတ်ထားသည့် ဂျာကင်အနက်ရောင်လေးကို တင်းတင်းဆွဲစေ့လိုက်သည်။ ထောင်တံခါးဝမှာ ရပ်ရင်း လတ်ဆတ်သည့် ပြင်ပလေထုကို တစ်ဝကြီး ရှိုက်သွင်းပစ်လိုက်သည်။ နှစ်အတော်ကြာအောင် ဝေးကွာနေရသည့် ပြင်ပလောကကို ရှုစားလိုက်တော့ သူ့ရှေ့တည့်တည့်မှာ ရပ်နေသည့် ထီးနီနီကို ကိုင်ဆောင်ထားသည့် အမျိုးသားလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ နှလုံးသားသည် ပိုင်ရှင်ကို သိသည့်နှယ် ကခုန်ပေါက်ပြေးကာ မြူးထူးနေတော့သည်။

ရင်ခုန်မှု၊ အံ့ဩဝမ်းသာမှု၊ စိတ်လှုပ်ရှားမှု၊ ကြည်နူးမှု စသော အရောင်အသွေးစုံလင်လှသည့် ခံစားချက်ပန်းခင်းကြီးသည် မင်းခန့်၏ နှလုံးသားဥယျာဉ်အတွင်းတွင် ဖူးပွင့်ဝေဆာလာကြသည်။ အတန်ကြာသည်အထိ နှုတ်ခမ်းဖျားတို့ အေးခဲလို့နေပြီးမှ အမည်နာမ်မတစ်ခုကို ဖွင့်ဟလိုက်မိသည်။

"ဘေဘီခ"

"ကိုခန့်"

အနီရောင်ထီးပိုင်ရှင်ဆီသို့ မင်းခန့်ခြေလှမ်းတွေ ဦးတည်လိုက်သည်။ နှစ်ဦးသားစကားမဆိုဘဲ အကြည့်တို့သာ ဖလှယ်နေမိကြသည်။ နှလုံးသားဘာသာစကားကို တတ်မြောက်ခဲ့ပြီးနောက်မှာ သူတို့နှစ်ဦးကြား၌ စကားလုံးတို့သည် သိပ်အရေးမပါလှတော့ပေ။ တဒိတ်ဒိတ်ခုန်နေကြသည့် နှလုံးသားတို့သည် အရာရာကို အပြန်အလှန် ခံစားသက်ဝင်စေခဲ့သည်။

The Dark Nights in the Rain Where stories live. Discover now