အပိုင်း(၆)_မိုးရေထဲက ဧည့်သည်
မှိန်ဖျော့ဖျော့အလင်းရောင်အောက်က စွန့်ပစ်ထားတဲ့ စက်ရုံဟောင်းကြီး၏ ဝင်းအတွင်းတွင် ကားအနက်သုံးစီး ရပ်ထားသည်။ လူနေအိမ်ခြေများနှင့် အတန်ငယ်အလှမ်းဝေးကွာသည့် နေရာဖြစ်သောကြောင့် ညအချိန်သည် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ငြိမ်သက်နေတဲ့လေထုကြောင့် ရာသီဥတုက အိုက်စပ်စပ် ဖြစ်နေသည်။ တောစပ်နှင့်နီးသဖြင့် ပိုးကောင်တို့ တကျီကျီအော်မြည်သံကိုလည်း ကြားနေရသေးသည်။
စစ်ပိုင်တစ်ယောက် ပီကေကို တဖောက်ဖောက်မြည်အောင်ဝါးရင်း ကားအရှေ့ဘန်ဗာပေါ်ခြေချိတ်ထိုင်နေသည်။ အိုက်စပ်စပ်ရာသီဥတုကြောင့် သူ့စိတ်ကမကြည်လင်လှပေ။ နဖူးပေါ်ဝဲကျနေသည့် မီးခိုးရောင်ဆံနွယ်တို့မှာချွေးစက်တို့က တွဲခိုလျက်ရှိနေကြသည်။ လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့်လိုက်တော့ (၁၀:၅၀) ကို ညွှန်ပြလျက်ရှိနေသည်။ ချိန်းဆိုထားသည့်အချိန်ကိုရောက်ဖို့ ဆယ်မိနစ်သာလိုတော့သည်။
ခပ်လှမ်းလှမ်းမှာ ဆေးလိပ်သောက်နေတဲ့ မင်းခန့်က သူ့ဆီကိုလျှောက်လာခဲ့ပြီးဘေးမှာလာထိုင်ပြီး ခပ်တိုးတိုး စကားဆိုသည်။
"စိတ်ပူမနေနဲ့"
"ဘယ်သူက စိတ်ပူနေလို့လဲ"
စစ်ပိုင်က မျက်လုံးလှန်ကြည့်ရင်း ခပ်အေးအေးပြန်ဖြေတော့ မင်းခန့်က မဲပြုံးပြန်ပြုံးပြသည်။
"ငါကလည်း မင်းကြောက်နေမှာစိုးလို့ပြောတာပါ"
ရွှတ်နောက်နောက်ပြောရင်း လျှာထုတ်ပြနေတဲ့ မင်းခန့်ကို စစ်ပိုင်ဂျိုကြည့်ကြည့်လိုက်မိသည်။ မင်းခန့်က စစ်ပိုင်ကို စိတ်ဆိုးအောင် စနောက်ရသည်ကို အလွန်သဘောကျဟန်တူသည်။ သူတို့နှစ်ယောက်သည် အမှန်တကယ်ပင် ကြောင်နှင့်ကြွက်ကဲ့သို့ပင် ဖြစ်ကြသည်။
ထိုစဉ် ဝင်းထဲကိုကားလေးစီး မောင်းဝင်လာသောကြောင့် သူတို့နှစ်ယောက်လုံးအာရုံပြောင်းသွားသည်။ ထိုကားလေးစီးမှာ သူတို့ကားတွေနှင့် မျက်နှာချင်းဆိုင်တွင် လာရပ်ကြသည်။ ထို့နောက်အနက်ရောင်ဝတ်ထားသော လူဆယ့်ငါးယောက်ထက်မနည်း ကားပေါ်မှဆင်းလာကြသည်ကိုကြည့်ရင်း စစ်ပိုင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူတွေနဲ့ သူတို့အဖွဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်အထိ စစ်ပိုင်ကတော့ ထိုင်နေရာက မထသေးပေ။

VOCÊ ESTÁ LENDO
The Dark Nights in the Rain
Ficção Geral[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...