အပိုင်း(၁၁)_ မျက်နှာများတဲ့ ကံကြမ္မာ
(၂၉) ရက်၊ သြဂုတ်လ၊ (၂၀၁၇) ခုနှစ်။
Paradise မြို့လယ်ခေါင်ရှိ Verleden ပြတိုက်၏ အပေါ်ဆုံးထပ်တွင် အခမ်းအနားတစ်ခု ကျင်းပလျက်ရှိသည်။ ထိန်ထိန်ညီးနေသည့် မီးရောင်တို့အောက်က ရွှေဝါရောင်ခန်းမကြီးမှာ တဖိတ်ဖိတ် တောက်ပလျက်ရှိသည်။ ငြိမ့်ညောင်းသာယာလှသည့် တယောသံကြားတွင် ဝိုင်ခွက်ချင်းတိုက်သံနှင့် ရယ်မောသံတစ်ချို့က မြှပ်ချည်ပေါ်ချည်ဖြင့် ထွက်ပေါ်လျက်ရှိနေသည်။ သပ်ရပ်သားနားလှစွာ ဝတ်စားဆင်ယင်ထားကြသော အထက်တန်းလွှာ လူကြီးလူကောင်းအပေါင်းတို့ ဟန်ပန်အပြည့်ဖြင့် သွားလာလှုပ်ရှားလျက်ရှိနေကြသည်။
ထိုခန်းမထဲသို့ အနောက်တိုင်းဝတ်စုံအဖြူကို သေသပ်စွာဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ကို နောက်လှန်ဖီးထားသည့် ခန့်ညားချောမောလှသည့် အမျိုးသားတစ်ဦး ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။ ထို့ပြင် သူ၏ဘေးရှိ နီညိုရောင်ဆံနွယ်ရှည်တို့ကို ခပ်မြင့်မြင့်ချည်ထားပြီး အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်လျက် ကြယ်ပွင့်တွေလို တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ချောမောလှပလွန်းသည့် အမျိုးသားကို လက်ချိတ်ထားလေသည်။
ထိုနှစ်ဦးမှာ ထွဋ်ခေါင်နှင့်ရှိန်းတို့ စုံတွဲဖြစ်သည်။ ခန်းမထဲရှိ ဧည့်သည်တော်တွေရဲ့ စူးစမ်းလိုသောအကြည့်က သူတို့နှစ်ဦးထံ စုပြုံကျရောက်လာသော်လည်း ဂရုစိုက်ခြင်း အလျင်းမရှိကြပေ။
"Mr. Alex မတွေ့ရတာကြာပြီဗျာ..."
အသက်(၅၀)ခန့် အမျိုးသားကြီးတစ်ဦးက ထွဋ်ခေါင်ကို ကြိုဆိုနှုတ်ဆက်လေသည်။ ခဏအကြာတွင်သူတို့နှစ်ဦးအနီး လာရောက်နှုတ်ဆက်ကြသူ မိတ်ဆက်ကြသူများနှင့် ဝိုင်းဝိုင်းလည်သွားတော့သည်။
တစ်ဖက်တွင်လည်း နေဘုန်းခတစ်ယောက်ခန်းမထဲတွင် ယောင်လည်လည်ဖြစ်နေရသည်။ ထိုလူကြီး ရောက်နေသည်ဆိုတာကို ကိုယ်တိုင်မြင်တွေ့ပြီး အတည်ပြုချင်သဖြင့်သာ အန်တီလေးနှင့် လိုက်ခဲ့ခြင်းဖြစ်သည်။ အရင်ကတည်းက ဒီလိုစီးပွားရေးဆိုင်ရာ အခမ်းအနားတွေကို ဝေးဝေးရှောင်တတ်သည့် နေဘုန်းခ အတွက် အသိအကျွမ်းမရှိသည်မှာ မဆန်းလှပေ။

DU LIEST GERADE
The Dark Nights in the Rain
Aktuelle Literatur[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...