အပိုင်း(၉)_ကတိပေးထားဖူးတယ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နန်းတော်ကြီးသဖွယ် ခမ်းနားလှပသည့် အခန်းကြီးတစ်ခုအတွင်းတွင် တုတ်ကောက်နှင့်လူကြီးတစ်ယောက် ရှိနေသည်။ ထိုလူကြီးသည် မှန်ပြတင်းပေါက်ဘေးတွင် မတ်တပ်ရပ်လျက် အပြင်ဘက်သို့ ငေးမောလျက်ရှိနေသည်။ ထိုလူမှာ Universe Co.ltd ၏ ဥက္ကဌကြီး Mr.Steven မြတ်မင်း တစ်ဖြစ်တစ်လဲ Tenebris ၏ အရှင်သခင် ဘုန်းမြတ်မင်း ဖြစ်လေသည်။ တံခါးဖွင့်သံတိုးတိုးကြားလိုက်ရပြီးနောက် အခန်းအတွင်းသို့ တိတ်ဆိတ်စွာ ဝင်လာသော အတွင်းရေးမှူးပီတာ အား လှည့်မကြည့်ဘဲမေးလိုက်သည်။
"ခိုင်းလိုက်တဲ့ ကိစ္စဘယ်လိုလဲ"
"ကျရှုံးပါတယ် ဥက္ကဌကြီး၊ အစ်ကိုလေးရှိန်က ရောက်လာတာကြောင့်..."
အတွင်းရေးမှူးက ခေါင်းငုံ့ကာ မဝံ့မရဲလေသံဖြင့် အဖြေပေးလိုက်တော့ ဦးမြတ်မင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး အနည်းငယ်စိတ်ပျက်သွားသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ထားလိုက်တော့..."
"ပြီးတော့ သူက... ဂျပန်ဘက်က လူတွေနဲ့ စာချုပ်ချုပ်ပြီးသွားပြီ"
ဆက်ပြောလာသည့် စကားကို ကြားပြီးနောက်ဦးမြတ်မင်း မျက်မှောင်ကြုတ်သွားသည်။
"ဂျပန် ဝယ်လက်တွေနဲ့ စာချုပ်ချုပ်တာ အောင်မြင်သွားပြီပေါ့"
"အစ်ကိုလေးက ကြားဝင် ညှိနှိုင်းပေးလိုက်ပုံပဲ..."
အတွင်းရေးမှူးပီတာ၏ စကားကြောင့် ဘုန်းမြတ်မင်း မျက်လုံးမှိတ်ထားလိုက်မိတော့သည်။ လောလောဆယ်တွင် သူ့အနေနဲ့ ဘာမှမတတ်နိုင်ပေ။ သားဖြစ်သူက တစ်ဖက်လူဘက်မှာ အပြည့်အဝရှိနေသည် ဖြစ်သောကြောင့် သက်ပြင်းချရုံသာ တတ်နိုင်လေသည်။
"လျှို့ဝှက်ငွေစာရင်းမှတ်တမ်းကရော"
"ရှာနေတုန်းပါ ဥက္ကဌကြီး၊ အဲ့ဒီ ယူအက်စ်ဘီက Kလက်ထဲနေ သတင်းထောက် တစ်ယောက် လက်ရောက်သွားခဲ့လို့ပါ"
"ဘယ်သူ့ လက်ထဲမှာဆိုတာက အရေးမကြီးဘူး၊ ထွဋ်ခေါင် လက်ထဲမရောက်ခင် ပြန်ရဖို့ လိုတယ်"

ESTÁS LEYENDO
The Dark Nights in the Rain
Ficción General[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...