-19-

1K 128 31
                                    

အပိုင်း(၁၉)_ကျွန်တော့်ကို အဖြေပေး

ညမီးရောင်များနှင့်အတူ လူရှုပ်နေသည့် စျေးတန်းလေးတစ်ခုထဲ၌ ရှင်းသန့်တစ်ယောက် ကောင်ဆိုးလေးစစ်ပိုင်၏ ဆွဲခေါ်ရာနောက်ကို ယက်ကန်ယက်ကန်ဖြင့် လိုက်ပါနေရသည်။ ရှင်းသန့်လက်ကို ဆွဲပြီး ရှေ့ကနေသွားနေတဲ့ စစ်ပိုင်ကမူ နှုတ်ခမ်းစူနေတဲ့ ရှင်းသန့်မျက်နှာကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။

"စစ်ပိုင် ငါ့ကို ဘာလုပ်ဖို့ ခေါ်လာတာလဲ"

"ညစျေးတန်း ခေါ်လာပါတယ်ဆို လည်ဖို့ပေါ့"

"မလည်ဘူး ပြန်မယ်၊ ဆေးခန်းဖွင့်ရဦးမှာ"

"ဆေးခန်း တစ်ရက်ပိတ်လို့ စီးပွားမပျက်ဘူး ကိုကို"

စကားကို အတင်းပိတ်ပြောပြီး ရှေ့ကနေ သွားနေတဲ့ ကောင်ဆိုးလေးနောက် လိုက်နေရုံမှတစ်ပါး ရှင်းသန့် ဘာမှမတတ်နိုင်တော့ပေ။ ဆေးခန်းဖွင့်ဖို့ လုပ်နေတုန်း စစ်ပိုင် ရုတ်တရက် ရောက်လာပြီး သူ့ကို ဇွတ်အတင်း ကားပေါ်ဆွဲတင်ကာ ညစျေးတန်းကို ခေါ်လာခြင်းဖြစ်သည်။ ဝုန်းဒိုင်းကြဲ ဆွဲခေါ်လာပုံက လည်ဖို့ခေါ်လာတာလား ကားတင်ပြေး လာတာလား မသဲကွဲပေ။ သူ့မှာ ရင်တုန်ရမလို ရင်ခုန်ရမလို ယောင်ချာချာနှင့် ပါလာခဲ့ရသည်။

"ဟိုမှာ ရေခဲမုန့် စားရ‌အောင်"

ပြောပြောဆိုဆိုနှင့် ရုတ်တရက် အတင်းပြေးသွားသဖြင့် ရှင်းသန့်ကိုမှာ ယက်ကန်ယက်ကန်ဖြင့် ပါသွားရပြန်သည်။ ရေခဲမုန့်ဆိုင်ရှေ့ရပ်ပြီး အမျိုးစုံ လက်ညှိုးထိုးနေသော ကောင်ဆိုးလေးအား ရှင်းသန့် စိတ်မရှည်စွာဖြင့် ဆူလိုက်မိသည်။

"ဒီလောက်အများကြီးစားရအောင် မင်းက ကလေးလား... ..."

ကောင်ဆိုးလေး၏ လက်ထဲတွင် ကိုင်ထားသည်မှာ ရေခဲမုန့် သုံးခုထက်မနည်း။ အရောင်စုံ အရသာစုံ။ ရှင်းသန့် ကူရာမဲ့စွာ သက်ပြင်းချလိုက်ရင်း ပိုက်ဆံထုတ်ရှင်းလိုက်ရပြန်သည်။ ထိုကလေးမူ ရေခဲမုန့်စားရင် သူ့အား ရယ်ပြနေလေသည်။

"ဟိုမှာ ပင်လယ်ဓားပြလှေရှိတယ်၊ စီးကြရအောင် ကိုကို"

ရှေ့ကနေ အတင်းပြေးတော့ ရှင်းသန့်မှာ အပြေးလိုက်ရပြန်သည်။ တစ်ညနေလုံး ဟိုဆိုင် ပြေးဝင်လိုက် ဒီဆိုင်ပြေးဝင်လိုက်နှင့် စိတ်ထင်တိုင်း သောင်းကျန်းနေသဖြင့် ရှင်းသန့်မှာ ဟိုပြေးလိုက် ဒီပြေးလိုက်နှင့် ကလေးထိန်းလုပ်နေရသည်။ ထိုအခါမှ လူဆိုးလေးစစ်ပိုင်သည် အလွန်ကလေးဆန်တတ်မှန်း ရှင်းသန့် သိလိုက်ရပြန်သည်။ စိတ်ရှိတိုင်း သောင်းကျန်းလို့ အားရသွားမှ ရှင်းသန့်၏လက်ကို ဆွဲပြီး ကမ်းခြေဘက်ကို ဆင်းလာခဲ့သည်။

The Dark Nights in the Rain Donde viven las historias. Descúbrelo ahora