-30-

1K 134 7
                                        

အပိုင်း(၃၀)_မိုးရေထဲက စန္ဒရားသံ

ညနတ်​ကြီးစိုးသည့်​ အချိန်​ကာလဝယ် မိုးက သည်းသည်းမဲမဲ ရွာသွန်းလျက်​ရှိသည်​။ တစ်ချက်​တစ်ချက်​တောက်​ပလာတဲ့ လျှပ်​စီးတို့နှင့်အတူ မိုးကြိုးတို့က ကျယ်​လောင်​စွာ ထစ်​ချုန်းလျက်​ရှိသည်​။ ပတ်​ဝန်းကျင်​တစ်​ခွင်​လုံးတွင်​ စိုစွတ်​မှုနှင့်​အေးစက်​မှုတို့က အပြည့်​အဝ နေရာယူထားလျက်​ရှိသည်​။

မီးရောင်​မှိန်​ထားသည့်​ အိပ်​ခန်းတစ်​ခုအတွင်းဝယ်​ လက်​ထဲမှာ ဝိုင်​ခွက်​ကိုကိုင်​လျက်​ မှန်​ပြတင်းပေါက်​ရှေ့ မတ်​တပ်​ရပ်​နေသူ တစ်​ဦးရှိသည်​။ တစ်​ချက်​တစ်ချက်​ လင်းခနဲလက်​သွားတဲ့ ခရမ်းရောင်​ လျှပ်​စီးအောက်​မှာ မြင်​ရတဲ့ ထိုလူ၏ မျက်​နှာထက်၌ ကြေကွဲဝမ်းနည်းမှုတို့ စွန်းထင်းလျက်​ရှိလေသည်​။

"မင်းသတိရလာတော့မှာပဲ"

ထွဋ်ခေါင် ဝမ်းနည်းစွာဖြင့် တစ်ကိုယ်တည်း တီးတိုးစကားဆိုမိသည်။ လွန်ခဲ့သည့်ရက်က တွေ့စဉ် ရုတ်တရက် စစ်ပိုင် မေးလာသည့် မေးခွန်းက သူ့နားထဲ တဝဲလည်လည်ဖြစ်လို့နေသည်။

'အစ်ကိုသိလား၊ သော်လေးဆိုတာ ဘယ်သူလဲ...'

ထွဋ်ခေါင်အတွက် စစ်ပိုင်သည် တစ်သက်တာအတွက် အရိပ်မည်းတစ်ခုဖြစ်သလို တစ်သက်တာအတွက် ဆုလာဘ်လည်းဖြစ်သည်။ သို့သော် အရာရာသည် ဆန္ဒရှိသည်နှင့် ဆန့်ကျင်စွာ ဖြစ်ပျက်လာလေ့ရှိသည်။ ယခုတော့ ထိုဆုလာဘ်သည် ကျိန်စာအဖြစ်ပြောင်းလဲဖို့ နီးကပ်လာပြီဖြစ်ကြောင်း ထွဋ်ခေါင် သိနေသည်။ ထွဋ်ခေါင် မျှော်လင့်ထားပြီးဖြစ်သည့် မရောက်ချင်ဆုံးနေ့သည် နီးကပ်လို့လာချေပြီထင်ရသည်။

"မင်းမုန်းပစ်လို့ရတယ် ပိုင်လေး၊ မုန်းပစ်လိုက်... ဒီလူယုတ်မာအစ်ကို့ကိုလေ"

တစ်ကိုယ်တည်း တီးတိုးပြောရင်း မျက်လုံးတို့ မှိတ်ချလိုက်မိတော့ မျက်ရည်စတို့ စီးဆင်းလာကြသည်။

"တကယ်ဆို မင်းကလည်း အဲ့ဒီလူယုတ်မာသားပဲ..."

ထွဋ်ခေါင်စိတ်ထဲကနေပြောရင်း နာကျင်စွာရယ်လိုက်မိသည်။ အမုန်းတရား၏ တစ်ဖက်ကမ်းတွင် ပိုင်လေးအား တန်ဖိုးထားသော ချစ်ခြင်းမေတ္တာတရားတို့ အမှန်တကယ်ရှိကြောင်း ထွဋ်ခေါင်ကျိန်ဆိုဝံ့ပါသည်။ သို့သော် ပိုင်လေးသည် အမှန်တရားတို့ အားလုံးသိသွားသည့် တစ်နေ့၌ ထိုမေတ္တာတရားကို မြင်နိုင်ပါဦးမလား ဟု ထွဋ်ခေါင်စိုးရိမ်နေမိသည်။ အတွေးတို့နှင့်အတူ ထွဋ်ခေါင် နာကျင်ကြေကွဲစွာဖြင့် ပင့်သက်ရှိုက်မိသည်။

The Dark Nights in the Rain Où les histoires vivent. Découvrez maintenant