-46-

1.1K 76 0
                                    

အပိုင်း(၄၆)_ရောင်နီလာမနက်ခင်း

နေ့သစ်တစ်ခု၏ အစသည် နေရောင်ခြည်နွေးနွေးကြောင့် တောက်ပစွာအသက်ဝင်လျက်ရှိသည်။ ဇန်နဝါရီလဆန်းပိုင်းဖြစ်သောကြောင့် ဆောင်းမနက်ခင်းသည် အရောင်အသွေးစုံစွာ လှပလို့နေသည်။ မိုးရာသီကာလပတ်လုံး မုန်တိုင်းကြောင့် တိမ်ညိုညိုတို့၏ နှောက်ယှက်မှုဒဏ်ကို ခံစားခဲ့ရသည့် နေမင်းကြီးသည် ဆောင်းချိန်ခါရောက်မှ လွှတ်လပ်စွာဖြင့် အစွမ်းကုန် တောက်ပလျက်ရှိနေသည်။ နေခြည်ရောင်ဝါခြုံလွှမ်းသည့် မနက်ခင်းတွင် ကျေးဌက်ကလေးများသည် သတင်းစကား တစ်ပုဒ်ကို သယ်ဆောင်ကာ ပျံသန်းလျက်ရှိကြသည်။ ထိုသတင်းကြောင့် လေညင်းလေးများပင် အံ့ဩမှင်သက်သွားရကာ တိုက်ခတ်ဖိုပင် မေ့လျော့နေရှာတော့သည်။

'အို... ဘာတဲ့ ကောင်လေးနှစ်ယောက်လက်ထပ်သွားပြီတဲ့ ပြီးတော့တစ်ယောက်ကလည်း အလုပ်လည်းထွက်သွားတယ်တဲ့...'

ရောင်စုံပန်းပွင့်တို့ပင် သင်းရနံတို့ထုတ်လွှတ်ဖို့ရာမေ့လျော့ပြီး တီးတိုးပြောနေကြသည်။

"ဟုတ်လို့လား...ရန်နောင်"

ဆူးခက်နွယ်တစ်ယောက် မယုံကြည်နိုင်ခြင်းများစွာဖြင့် ရန်နောင်အား မေးလိုက်မိသည်။

"တကယ်ပါဆို အစ်မကလည်း ကျွန်တော် လိမ်ပါ့မလား"

ယနေ့မနက် ရုံးကိုရောက်ရောက်ခြင်း ကြားသိရသည့်သတင်းမှာ ကိုဇာနည်တစ်ယောက် နှုတ်ထွက်စာတင်သွားသည့် သတင်းပင်ဖြစ်သည်။ ကြားရသမျှလူအပေါင်းသည် မယုံကြည်နိုင်မှုတို့နှင့်အတူ ဂယက်ရိုက်သွားတော့သည်။

"မနေ့ကမှရာထူးတိုးဖို့ အမိန့်စာထွက်ထားတာကို ဒီနေ့နှုတ်ထွက်တယ်ပေါ့"

"နှုတ်ထွက်စာက မနေ့ကတည်းက တင်တာတဲ့..."

ရုံးရှိလူတိုင်းသည် ဒီသတင်းကိုသာ အမျိုးမျိုးဆွေးနွေးနေကြသည်။

ပထမကိစ္စကြောင့် အံ့ဩမှုအရှိန်မသတ်သေးခင်မှာပင် ကျော်စွာနိုင်ယူလာသည့်သတင်းက သူတို့ရုံးခန်းထဲရှိ လူတွေအကုန်လုံးအား ထခုန်မိမတတ်ဖြစ်သွားစေသည်။

The Dark Nights in the Rain Donde viven las historias. Descúbrelo ahora