-17-

1K 142 13
                                    

အပိုင်း(၁၇)_အရမ်းတူကြတယ် ခင်ဗျားနဲ့

နောက်တစ်ရက် မနက်ခင်း၌ ရဲဇာနည်​ အလုပ်စားပွဲ၌ အစီရင်ခံစားများ စစ်ဆေးနေခိုက် နေဘုန်းခရောက်​လာပြီး အစီရင်​ခံစာ စာရွက်​စာတမ်းတချို့ လာတင်​ပြသည်​။

"အဲ့အဆောက်​အဦးက ပိတ်​ထားတာ တစ်နှစ်​နီးပါးရှိပြီ အစ်​ကို..."

‌ရဲဇာနည်တစ်ယောက် နေဘုန်းခ ပြောသမျှအား သေချာစွာ နားထောင်နေရင်း တစ်ဖက်က ​စာရွက်​စာတမ်းတွေကို ဖွင့်​ကြည့်​လိုက်​သည်​။

"ဖျက်​မိန့်​ကျပြီးသား အဆောက်​အဦးမို့ စီစီတီဗွီတွေ ဖြုတ်​ထားတာလည်း ကြာလှပြီ၊ ဒါပေမဲ့ အစောင့်တွေတော့ရှိတယ်"

"အဲ့တော့ အနီးတဝိုက် ​ဘာသက်​သေမှ ရှာမရခဲ့ဘူးလား"

ရဲဇာနည်​ စာရွက်​တွေကြည့်​နေရင်းက နေဘုန်းခအား မေးလိုက်​သည်​။

"အဲ့ဒီနယ်မြေတဝိုက်က ဂန်းစတားတွေ လက်ဝါးကြီးအုပ်ထားတဲ့နေရာမို့ တစ်ခုခုသိရဖို့က မလွယ်ဘူး၊ ကျော်စွာနဲ့ ကိုဗညားတော့ စုံစမ်းနေကြတုန်းပဲ၊ ပြန်လာရင်တော့ တစ်ခုခုထပ်သိရမယ်ထင်တယ် ဒါပေမဲ့ ပိုင်​ရှင်​ကတော့ စိတ်​ဝင်​စားဖို့ကောင်းတယ်​၊ အဲ့နေရာကိုပိုင်​တာ Alexထွဋ်​ခေါင်​... အရင်က အဲ့ဒီနေရာကို Universe Group က ပိုင်တာ၊ လွန်ခဲ့တဲ့ (၂)လကမှ Alexထွဋ်ခေါင်​ နာမည်နဲ့ လွဲပြောင်းထားတာ"

နေဘုန်း ပြောလာသည့် စကားကြောင့် ရဲဇာနည်​ အနည်းငယ် မျက်ခုံးပင့်သွားရသည်။ အခြေအနေသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းလွန်းနေသည်။

'ဖျက်​မိန့်​ကျပြီးသား အဆောက်​အဦး။ CCTVတွေ မရှိတော့ဘူး။ ပိုင်​ရှင်​...။ အစောင့်တွေရှိနေတယ်။ ဘယ်လိုပဲဖြစ်​ဖြစ်​ သူနဲ့မပတ်​သတ်​ဘဲ လူသတ်​ပြီး ဘယ်​သူမှမသိအောင် အလောင်းဖျောက်​ဖို့က မလွယ်​တာကို'

"Alexထွဋ်ခေါင်"

ရဲဇာနည် နာမည်ကို တိုးတိုးရေရွတ်မိတော့ မျက်လုံးထဲမှာ ထိုနေ့က တွေ့ခဲ့ရသည့် လူရဲ့ပုံရိပ်က သူ့စိတ်ထဲ ပြန်လည်အရိပ်ထင်လာသည်။ ထိုလူ့ဆီ၌ ယုန်ဖြူလေး၏ အငွေ့အသက်တွေရှိတယ်လို့ ဘာကြောင့် ခံစားနေရလဲ ရဲဇာနည် သူ့ကိုယ်သူ နားမလည်နိုင်အောင်ဖြစ်ရသည်။

The Dark Nights in the Rain Where stories live. Discover now