အပိုင်း(၂၁)_ယုန်ဖြူလေး (သို့မဟုတ်) ကျွန်တော့်အစ်ကို
ခိုပြာရောင် အခန်းစီးရှည်များသည် မိုးသက်လေကြောင့် ဟိုဒီလွှင့်လူးနေကြသည်။ တစ်နေကုန်ပူထားသဖြင့် ညနေစောင်းမှာ မိုးရိပ်သမ်းလာသည်။ အပြင်မှာ မိုးတဖြောက်နှစ်ဖြောက်ကျနေလောက်ပြီထင်ရသည်။ ဧည့်ခန်းထဲတွင်ရဲဇာနည်ရော နေဘုန်းပါ နှစ်ယောက်သား မျက်နှာချင်းဆိုင်ရှိနေကြသည်။ ဆိုဖာပေါ်ထိုင်ဘဲ ကြမ်းပြင်က အညိုရောင်ကော်ဇောပေါ် ခြေပစ်လက်ပစ်ထိုင်နေကြရင်း စကားမဆိုမိကြဘဲ အတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြသည်။
ရဲဇာနည်စိတ်တွေက လွန်ခဲ့တဲ့နှစ်တွေက မိုးရွာနေတဲ့ ညနေခင်းကို ပြန်တွေးနေမိသည်။ နေဘုန်းအတွေးထဲမှာတော့ မိုးဖွဲဖွဲညက ဝိုးတိုးဝါးတား အမှတ်တရတစ်ချို့ကို ပြန်လည်ပုံဖော်နေမိသည်။ မရည်ရွယ်ဘဲ ညာဘက်လက်ချောင်းတွေက ဘယ်ဘက်လက်ကောက်ဝတ်က ဟမ်းချိန်းကို ပွတ်သတ်နေမိသည်။
"အစ်ကို အဲ့ဒီလူ ဓာတ်ပုံထဲက အစ်ကို့အချစ်ဦးလေ"
ပထမဆုံး စမေးလာတဲ့ နေဘုန်းအသံက ဝမ်းနည်းမှုတို့ကြောင့်အက်ကွဲလျက်ရှိသည်။
"အင်း..."
တုန့်ပြန်လာသည့် ရဲဇာနည်အသံကလည်း လေးတွဲတွဲဖြစ်လို့နေသည်။
"သူ့နာမည် ဘယ်လိုခေါ်လဲ..."
"ယုန်ဖြူလေးတဲ့၊ အစ်ကိုကတော့ ယုန်ဖြူလေးလို့ခေါ်တယ်၊ 'နေမင်းသီဟ' တဲ့ သူ့နာမည်က..."
ရဲဇာနည်ရဲ့ ခပ်ဆွေးဆွေးဖြေသံအဆုံး နေဘုန်း အံ့သြမှုတို့ကြောင့် သူ့ကိုယ်လေး တောင့်တင်းသွားသည်။ မျှော်လင့်ထားပြီးဖြစ်သည့်တိုင် အမှန်တကယ် ကြားလိုက်ချိန်မှာတော့ နေဘုန်းခ တုန်လှုပ်သွားမိသည်။
"သူ့အကြောင်း ပြောပြပါလား"
နေဘုန်းခ ထိန်းမရအောင်တုန်းရီနေတဲ့ အသံဖြင့် ကြိုးစားပြီးပြောလိုက်သည်။ ရဲဇာနည်က သူ့ရှေ့စားပွဲပေါ်က ဘီယာဘူးကိုဖောက်ကာ မော့သောက်လိုက်ပြီး ဆွေးမြေ့စွာဖြင့် စကားဆက်သည်။
ŞİMDİ OKUDUĞUN
The Dark Nights in the Rain
Genel Kurgu[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...