-37-

1.7K 224 10
                                        

အပိုင်း(၃၇)_မင်းလည်း ခြွင်းချက်မဟုတ်ဘူး

အောက်တိုဘာလဆန်းပိုင်းအချိန်ဖြစ်၍ မိုးနှောင်းလေတို့ ပျော်ရွှင်မြူးထူး ဆော့ကစားနေကြသောကြောင့် ပန်းပွင့်တို့သည်လည်း လေညင်း၏ စည်းချက်အလိုက် ကခုန်နေကြသည်။ နေရောင်ခြည်ကလည်း စူးရှစွာဖြာကျနေလေသောကြောင့် မြေကမ္ဘာသည် ထူးခြားစွာ အလှသွေးကြွယ်နေတော့သည်။ ရုတ်တရက် အ‌ရှေ့အရပ်ဆီမှ ပျံသန်းလာသည့် ဌက်ငယ်လေး ယူဆောင်လာသည့် သတင်းကြောင့် ပန်းပွင့်တို့ပင် ကခုန်ရာက ရပ်တန့်သွားလေကြသည်။ မြူးထူးနေသည့် လေညင်းလေးလည်း စိတ်မကောင်းစွာဖြင့် ငြိမ်သက်သွားလေတော့သည်။

'ကောင်လေးတစ်ယောက်ငိုနေတယ်' တဲ့။

ဌက်ငယ်လေးညွှန်ပြရာကိုကြည့်လိုက်‌တော့ အိုဟောင်းနေပြီဖြစ်သည့် အုတ်ဂူလေးနှစ်ခုရှေ့မှာ ထိုင်ငိုနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။ မီးခိုးရောင် ဆံနွယ်တို့နှင့်ကောင်လေးတစ်ယောက်သည် ဂူလေးရှေ့မှာ ဒူးနှစ်ဘက်ကိုပိုက်လျက် မျက်နှာမဖော်ဘဲ ရှိုက်ကြီးတငင်ငိုကြွေးနေလေသည်။

စစ်ပိုင် အတိတ်ကို မှတ်မိလာပြီးနောက်မှာ သူ့မိဘတွေရှိရာကို စုံစမ်းပြီး လာခဲ့ခြင်းဖြစ်သည်။ ရောက်ရောက်ချင်းတွေ့ရသည်က ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိသဖြင့် ဟောင်းနွမ်းယိုယွင်းနေသည့် အုတ်ဂူလေးနှစ်ခုသာဖြစ်သည်။ ‌ဆေးသားတို့ပင် လွင့်ပြယ်နေပြီဖြစ်သည့် အုတ်ဂူလေးတွေကိုတွေ့တွေ့ချင်း စစ်ပိုင် ပထမဆုံးလုပ်မိသည်က ငိုကြွေးခြင်းပင်ဖြစ်သည်။ မည်သည့်စကားမှပင် မဆိုနိုင်ဘဲ ရှိုက်ကြီးတငင်သာ ငိုကြွေးမိလေတော့သည်။

မွန်းတည့်နေသည် ပူလောင်လွန်းနေသော်လည်း သူ့ရင်ထဲက ပူလောင်မှုကို မီနိုင်မည်မဟုတ်ချေ။

"‌တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ အချိန်အကြာကြီး မေ့နေခဲ့လို့..."

ပထမဆုံးဆိုမိသည်ကလည်း တောင်းပန်စကားသာဖြစ်သည်။ တောင်းပန်ပါတယ်ကလွဲ၍လည်း တခြားစကားလုံးတို့ စစ်ပိုင်ရှာမတွေ့နိုင်ခဲ့ပေ။

The Dark Nights in the Rain Onde histórias criam vida. Descubra agora