အပိုင်း(၈)_ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(၃)
Paradise ဗဟိုအမျိုးသားရဲဌာနချုပ် အဆောက်အဦးထဲရှိ ညွှန်ကြားရေးမှူး ရုံးခန်းဆီသို့ ဦးတည်လာနေသောကောင်လေးတစ်ယောက်။ အချိုးအစားကျလှသည့် ယောက်ျားပီသသောမျက်နှာတွင် လှပလွန်းသည့် စင်ယော်မျက်ခုံးတို့နှင့် သေသပ်လှပလွန်းသည့် နှုတ်ခမ်းသေးသေးတစ်စုံတို့က ထင်ရှားလျက်ရှိသည်။ အဖြူရောင်ရှပ်အင်္ကျီနှင့်ဘောင်းဘီအနက်ကို တွဲဖက်ဝတ်ဆင်ထားသည့် ထိုကောင်လေးမှာ စတိုင်လ်ကျလှပြီး ခန်းညားလွန်းလှသည်။ သူ့အမည်မှာ နေဘုန်းခ ဖြစ်လေသည်။
"ဟေ့... ဒီမှာ ဒီမှာ ညွှန်မှူးနဲ့တွေ့မလို့ ချိန်းထားပြီးသား"
သူ့ကိုသတိလက်လွှတ်ငေးမောနေတဲ့ အတွင်းရေးမှူးမလေး၏ စားပွဲကိုခေါက်လိုက်ရင်းပြောလိုက်သည်။
"ဪ... ဟုတ် ဟုတ်ကဲ့ ဝင်သွားလိုက်ပါ"
"ကျေးဇူး"
တံခါးဖွင့်နေရင်း လည်ပြန်ပြုံးပြသွားတဲ့ နေဘုန်းခကြောင့် အတွင်းရေးမှူးမလေးမှာ အသက်ရှူမှားပြီး ကျန်ရစ်ခဲ့တော့သည်။ နေဘုန်းခရုံးခန်းထဲရောက်တော့ ညွှန်မှူးဦးဇော်ဇော်က လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။
"လာ လာ လူလေးနေဘုန်းခ"
"ဟုတ်ကဲ့ ဆရာ"
နေဘုန်းခနှင့် ဦးဇော်ဇော်တို့ ရုံးခန်အလယ်ရှိ အနက်ရောင်ဆိုဖာပေါ်မှာ နေရာယူလိုက်ကြသည်။
"ကျွန်တော့်ကို ကူညီပေးတာ ကျေးဇူးတင်ပါတယ် ဆရာ"
"အို... မဟုတ်တာ ခက်ခဲတဲ့ ကိစ္စလည်း မဟုတ်ပါဘူး"
စုံစမ်းရေးအထူးအဖွဲ့(၃)ကို ပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးမည့် အမှုတွဲအကြောင်းကို သတင်းရရချင်းပင် နေဘုန်းခတစ်ယောက် ဌာနပြောင်းခွင့်ရဖို့ ဖေဖေ့ မိတ်ဆွေတွေကို အပြေးအလွှား အပူကပ်ခဲ့ရခြင်းပင် ဖြစ်သည်။
"ဆရာကြီးရော နေကောင်းရဲ့လား"
"ဖေဖေ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းလိုက်မကောင်းလိုက်ပါပဲ"

KAMU SEDANG MEMBACA
The Dark Nights in the Rain
Fiksi Umum[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...