အပိုင်း(၃၁)_ပြန်မလာနိုင်တော့တဲ့ မိုးရေထဲကလူ
အလုပ်စားပွဲများအားလုံး လူပြည့်နေပြီ ဖြစ်သော်လည်း မနက်ခင်းပိုင်း နေရောင်ခြည် အရောင်ရင့်လာသည်အထိ နေဘုန်းခ ရောက်မလာသေးချေ။
"ကိုနေဘုန်းရဲ့အဖေက ရောဂါအခြေအနေဆိုးလာလို့ ဒီနေ့ ဆေးရုံပြန်တင်လိုက်ရတယ်ပြောတယ်၊ ဒီနေ့ သူရုံးမလာလောက်ဘူးထင်တယ်"
နံရံက နာရီကို လှမ်းကြည့်လိုက်ပြီး ကျော်စွာနိုင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး သူလာမှာ"
ရဲဇာနည်သည် ကျော်စွာကို မကြည့်ဘဲ စာရွက်စာတမ်းများပေါ် လက်မှတ်ထိုးနေရာက ဖြေလိုက်သည်။ ထိုအခိုက်မှာပင် တံခါးဖွင့်သံတိုးတိုးနှင့်အတူ နေဘုန်းခ ရုံးခန်းထဲ ဝင်လာသည်။ အနည်းငယ် နွမ်းနယ်နေပုံရသော်လည်း လက်ထဲမှာတွင် စာအိတ်တစ်ခုနှင့် အမှုတွဲတစ်ခုကို ကိုင်ထားပြီး တက်ကြွစွာ ပြုံးနေသေးသည်။
"အစ်ကို ကျွန်တော် ရလာခဲ့ပြီ"
နေဘုန်းခရဲ့ ဝမ်းသာအားရစကားကြောင့် ရဲဇာနည် ပြုံးလိုက်ကာ သူ့စားပွဲကထပြီး ရုံးခန်းအလယ်က စားပွဲရှည်ကြီးမှာ လာထိုင်လိုက်သည်။
"Awl ရဲ့ ကိစ္စလား..."
မင်းဗညား၏ မေးခွန်းကို နေဘုန်း ခေါင်းညိတ်အဖြေပေးလိုက်တော့ ကျန်တဲ့လူတွေလည်း စိတ်ပါဝင်စားစွာပင် ထလာကြသည်။
"ဟုတ်တယ်၊ မှုခင်းဆေးဌာနရဲ့ မှတ်တမ်းမှာ ရှိသမျှ ဒီအန်အေနမူနာတွေနဲ့ တိုက်စစ်ခဲ့ကြပေမဲ့ တူတာမတွေ့ခဲ့ဘူးလေ၊ အဲ့ဒါကြောင့် ကျွန်တော် သတိရမိတဲ့ အမှုဟောင်းတစ်ခုက ဒီအန်အေနဲ့ စစ်ကြည့်ခဲ့တာ"
"နောက်ဆုံးတော့ တူတာတွေ့ပြီတဲ့လား..."
"အင်း နောက်ဆုံးတော့ တွေ့ပြီ၊ ထင်မှတ်မထားတဲ့ Cold Case တစ်ခုထဲက ဒီအန်အေတစ်ခုနဲ့ သွားတူနေတာ"
နေဘုန်း သူ့လက်ထဲက စာအိတ်ရှည်ကို ရဲဇာနည်ဆီ လှမ်းပေးရင်းပြောလိုက်သည်။
"Awl ရဲ့ ဒီအန်အေနဲ့ တူတဲ့ လူက အရမ်းအံ့သြဖို့ကောင်းတယ်"
"ဘယ်သူဖြစ်နေလို့လဲ..."

YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...