-13-

1.1K 145 14
                                    

အပိုင်း(၁၃)_ဆက်နွယ်နေမှုများ

မနေ့ညက မိုးကြီးလေးကြီးကျခဲ့သည်ဆိုသည်မှာ ယုံနိုင်ဖွယ်ရာ မရှိပေ။ မိုးလေပြီးစ မနက်ခင်းသည် ရွှေရောင်နေခြည်၏ အောက်တွင် ပို၍ သာယာလှပနေလေသည်။ Paradise ဗဟိုအမျိုးသားရဲဌာနချုပ် အဆောက်အဦးကြီးရှေ့သို့ အနက်ရောင် ကားလေးတစ်စီး ဖြည်းညင်းစွာ လာရပ်လေသည်။ ကားပေါ်တွင် ပြန်လည်နွေးထွေးစ အချစ်တို့နှင့် ချစ်သူနှစ်ဦးရှိနေလေသည်။

"တကယ်ပဲ အိမ်ပြန်မနားတော့ဘူးလား ဘေဘီခ"

"မနားပါဘူးဆို"

ကားရပ်လိုက်ပြီးနောက် ခါးပတ်ဖြုတ်ပေးရင်း မင်းခန့် ပြောလိုက်သော်လည်း ကလေးဆိုး နေဘုန်းကတော့ ကလန်ကဆန်သာ ပြန်ဖြေလာလေသည်။

"အအေးမိထားတာ နားလိုက်သင့်တာကို"

"မနားပါဘူးဆို ရှည်လိုက်တာ..."

မင်းခန့်က စိတ်ပူစွာဖြင့်ပြောနေသော်လည်း စိတ်မရှည်ဟန်ဖြင့် ဂျစ်ကန်ကန်ဖြင့် ဖြေနေတဲ့ နေဘုန်းခ မျက်ခုံးတွေက တွန့်ချိုးလျက်ရှိသည်။ ပန်းနုရောင်နှုတ်ခမ်းတို့ကိုလည်း စူထားသေးသဖြင့် ချစ်စဖွယ်ကောင်းသည့် ကလေးတစ်ယောက်ပမာဖြစ်နေသည်။ မင်းခန့် သူ့ချစ်သူကို ကြည့်ရင်း စချင်စိတ်က ထိန်းမရတော့ပေ။

"အဲ့ဒါ ဘေဘီခ အသိဆုံးနေမှာပေါ့"

"ဘာ..."

နေဘုန်းမျက်နှာ ရဲခနဲတစ်ချက်ဖြစ်သွားပြီး မင်းခန့်အား စောင်းငဲ့ကြည့်လိုက်သည်။ ပြီတီတီမျက်နှာပေးတဲ့ မချိုမချဉ်ပြုံးပြနေတဲ့သူ့ကို နေဘုန်းခ ဆွဲထိုးပစ်ချင်လာသည်။ သူ့ချစ်သူဟာ တကယ်ကို အပြောအဆိုရဲတင်းလွန်းသည်။

"သွားပြီ"

ကြာကြာနေရင် တကယ်ဆွဲထိုးမိမည်စိုး၍ နေဘုန်း ကားပေါ်မှ မြန်မြန်ဆင်းလိုက်သည်။

"အပြန်လာကြိုမယ်နော် ဘေဘီ"

​ကားပေါက်ကနေ လက်ပြရင်း ရယ်ကျဲကျဲနဲ့ပြောနေတဲ့ မင်းခန့်ကို နေဘုန်းလှည့်မကြည်ဘဲ ပြန်အော်လိုက်သည်။

"တော်တော် အားနေလား၊ လာမကြိုနဲ့ မမြင်ချင်ဘူး"

နေဘုန်း ရုံးထဲရောက်ရောက်ချင်း ရုံးခန်းကို အရင်မသွားဘဲ ဒုတိယထပ်ရှိ မှတ်တမ်းထိန်းသိမ်းခန်းကို အရင်သွားလိုက်သည်။ ကြီးမားမြင့်မားလှသည့် စာအုပ်စင်ကြီးတွေကြား ခုနှစ်အလိုက်မှတ်တမ်းတွေထဲ မှုခင်းမှတ်တမ်းတစ်ခုကို လိုက်ရှာနေမိသည်။

The Dark Nights in the Rain Tempat cerita menjadi hidup. Temukan sekarang