အပိုင်း(၄)_မိုးရေထဲကစန္ဒရားသံ
(၂)နှစ်ခန့်ကြာပြီးနောက်
(၃) ရက်၊ ဇူလိုင်လ၊ (၂၀၀၆)ခုနှစ်။တကျီကျီအော်မြည်နေကြသည့် ကျေးဌက်တို့ အိပ်တန်းပြန်နေကြသည်။ သိမ်မွေ့နေသော လေနုအေးတို့ကြောင့် သစ်ပင်ပန်းမန်တို့သည် အိန္ဒြေကြီးစွာဖြင့် ငြိမ်သက်နေကြသည်။ ပုဇွန်ဆီရောင်သမ်းနေသည့် နေရောင်ခြည်တို့ကို ထုတ်လွှတ်လျက်ရှိသော သူရိယနေမင်းကြီးသည် အနောက်ကျွန်းကိုမေးတင်ကာ ဝင်စပြုနေချေပြီ။ နေဝင်လုဆဲဆဲ ဆည်းဆာသည် ထူးခြားစွာလှသွေးကြွယ်နေသည်။
Hemel မြို့နယ်ရှိ Moonlight ရပ်ကွက်လေးသည် ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခု ဖြစ်သဖြင့် လူခြေတိတ်လှသည်။ Lotus လမ်းသွယ်လေးပေါ်ရှိ မဟော်ဂနီရောင် သုတ်လိမ်းထားသော သစ်လုံးတို့ဖြင့် စည်းရိုးခတ်ထားသည့် ခြံလေးတစ်ခြံ တည်ရှိ၏။ ၄င်း၏အတွင်းတွင် တောင်အရပ်ကိုမျက်နှာမူကာ ဆောက်လုပ်ထားသော မိုးပြာရောင်သုံးထပ်တိုက်အိမ်လှလှလေးရှိသည်။ အိမ်လေး၏ ဘေးဘက်တွင် ပန်းသွေးရောင်တို့ဖြင့် လှသွေးကြွယ်နေသော ကျူးလစ်ပန်းခင်းလေးတစ်ခု ရှိသည်။
ထိုပန်းခင်းလေးထဲတွင် အသက်လေးဆယ့်ငါးနှစ်ဝန်းကျင်ခန့် လူကြီးတစ်ယောက် မြေတူးဆွလျက်ရှိနေသည်။ ထိုစဉ်ခြံလေးအတွင်းသို့ အသက်ဆယ့်လေးနှစ်အရွယ် ယောက်ျားလေးတစ်ဦး ဝင်လာသည်။ အနက်ရောင် ကျောပိုးအိတ်လေးကို လွယ်လျက် အသားရောင်ဘောင်းဘီရှည်နှင့် အညိုရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး နက်မှောင်တဲ့ဆံပင်တိုတို့ကို သပ်ရပ်စွာဘေးခွဲဖီးထားသည်။
"သား သော်လေး... ဒီနေ့ နောက်ကျလှချည်လား"
ဦးနေမျိုးပိုင် ပန်းခင်းထဲမှာ မြေသြဇာဖြည့်နေရင်း ခြံထဲပြေးဝင်လာသော သားဖြစ်သူကို လှမ်းမေးလိုက်သည်။
"သား အတန်းသန့်ရှင်းရေး လုပ်နေရလို့ ဖေဖေ"
သော်လေး အမည်ရှိ လူငယ်လေးသည် ပြုံးရွှင်စွာဖြင့် အဖြေပြန်ပေးလိုက်ပြီး အိမ်ထဲပြေးဝင်သွားကာ မီးဖိုချောင်ထဲဟင်းချက်နေတဲ့ မိခင်ဖြစ်သူကို နောက်ကနေ သိုင်းဖက်ထားလိုက်သည်။
![](https://img.wattpad.com/cover/223098130-288-k162932.jpg)
YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...