-26-

1.4K 85 9
                                        

အပိုင်း(၂၆)_အထီးကျန်​နေတဲ့ စန္ဒရားကြီး

မနက်​ခင်းစောစောအချိန်​ ဖြစ်​သောကြောင့်​ နေရောင်​က ခပ်​ဖျော့ဖျော့သာ ဖြာကျလို့နေလေသည်။ လေထုက ငြိမ်​သက်​လျက်​ရှိသော်​လည်း ဥတုက မပူအိုက်​ဘဲ နေလို့ကောင်းနေသည်​။ အရောင်​လွှင့်​ပြယ်​နေပြီဖြစ်သော သစ်​လုံးတို့ဖြင့် ​ခြံစည်းရိုးခတ်​ထားသည့်​ ခြံဝင်းလေးရှေ့တွင်​ အပြာရောင်​ကားကြီးတစ်​စီး ရပ်​ထားပြီး အိမ်​ထောင်ပရိဘောဂများ ချလျက်​ရှိသည်​။ ရှင်းသန့်​ကတော့ ပစ္စည်းသယ်​သည့်​ အလုပ်​သမားတွေကြား စီစဉ်​ကွပ်​ကဲလျက်​ရှိပြီး စစ်​ပိုင်​ကတော့ ခပ်လှမ်းလှမ်းက သစ်​ပင်​အောက်​တွင်​ ရပ်​ထားသည့်​ ပြိုင်​ကားအနီလေးကို မှီလျက်​ အိမ်​ဟောင်းလေးကို ငေးမောလျက်​ကြည့်​နေသည်​။

ခြံထဲရှိ သုံးထပ်​တို​က်​ဟောင်းလေးသည်​ အရင်​က ဘာအရောင်​ဖြစ်​ခဲ့မှန်း မသိနိုင်​လောက်​အောင်​ ဆေးရောင်​တို့ မှိန်​ဖျော့လျက်​ရှိနေလေပြီဖြစ်သည်။ သို့သော်​လည်း တစ်ချိန်​က ခမ်းနားထည်​ဝါခဲ့သည့်​ အငွေ့အသက်​တို့က ကျန်​ရစ်​နေဆဲပင်ဖြစ်သည်​။ အိမ်​လေးကိုကြည့်​ရင်း ဘာကြောင့်မှန်းမသိဘဲ စစ်​ပိုင်​ရင်​ထဲ မွန်းကြပ်​ဆို့နင့်​လို့လာသည်​။

"ဟေ့ ကောင်​ဆိုးလေး... လာလေ"

သူ့ကို လက်​ယက်​ခေါ်နေသည့်​ ကိုကိုကြောင့် စစ်ပိုင် အတွေးစဖြတ်ကာ အနားသို့ အပြေးသွားလိုက်​သည်​။

"လာ... အတူဝင်​ကြည့်​ကြမယ်​"

"ကိုကိုကလည်း မိသားစုရှိတာမဟုတ်ဘဲ ဘာလို့ အိမ်​အကြီးကြီးဝယ်​တာလဲ"

"ဈေးသက်​သာလို့ ဝယ်​လိုက်​တာ"

"ဈေးသက်​သာမယ့်​ပုံမပေါ်ဘူးနော် ကိုကို​"

"နောက်တာပါ၊ ကိုယ် အမွေရတာ"

"ဝါး... မိုက်တယ်... ..."

"ကိုယ်တော့ မထင်ပါဘူး၊ ဒီအိမ်​ရဲ့ အရင်​ပိုင်​ရှင်​မိသားစုက အကုန်​အသတ်​ခံရတာ၊ ဒီအိမ်​ထဲမှာပဲတဲ့၊ အဲတာကြောင့် ဒီအိမ်ကို ဘဏ်ကနေ လေလံတင်တော့ ဝယ်ရဲတဲ့သူမရှိဘူးဖြစ်နေခဲ့တာ၊ ဖေဖေက စီးပွားရေးသမားဆို‌တော့ တချိန်ကျ အသုံးပြန်ချနိုင်မှာပဲဆိုပြီး ဝယ်ထားခဲ့တာ"

The Dark Nights in the Rain Où les histoires vivent. Découvrez maintenant