အပိုင်း(၂၉)_ မင်းကို ချစ်တာ အကြွင်းမဲ့
(၃၀) ရက်၊ စက်တင်ဘာလ၊ (၂၀၁၇) ခုနှစ်။
နံရံဖြူဖြူထက်မှာ ခန္ဓာဗေဒပုံတွေ ကပ်ထားပြီး ရှိသမျှ စာပွဲအားလုံးပေါ်မှာ စာရွက်စာတမ်းများ အပြည့် နေရာယူထားသည့် အခန်းတစ်ခုထဲတွင်ရဲဇာနည်နှင့်အတူ နေဘုန်းခ၊မင်းဗညား၊ကျော်စွာနိုင် တို့ပါ အတူရှိနေကြသည်။ သိပ်မကြာခင်တွင် အခန်းတံခါးပွင့်ဟလာပြီး ဝင်ရောက်လာသူက မျက်မှန်ထူထူတပ်ထားပြီး ဂျူတီကုတ်အဖြူရောင် ဝတ်ဆင်ထားသည့် ဒေါက်တာစန္ဒီဖြစ်သည်။
"စောင့်ရတာ ကြာသွားပြီလား၊ အစည်းအဝေးက ကြာနေလို့ အားနာပါတယ်နော်..."
"ရပါတယ် ဒေါက်တာ..."
ရဲဇာနည်ထိုင်နေရာက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ ဒေါက်တာစန္ဒီ၏ ဦးဆောင်မှုဖြင့် ရဲဇာနည်တို့ လေးယောက် ဘေးချင်းကပ်လျက်က အခန်းကို ဝင်ခဲ့ကြသည်။ အထဲရောက်တော့ အခန်းလယ်က လေးထောင့် စားပွဲရှည်ကြီးပေါ်မှာ ဖိုင်တွဲတချို့နှင့် သက်သေပစ္စည်း အချို့တင်ထားသည်။
"သေဆုံးသူက ဆက်ပိုင်သွေး၊ အသက် (၂၇)နှစ်"
ဒေါက်တာစန္ဒီက ရဲဇာနည်ဆီ ဖိုင်တွဲတစ်ခု ကမ်းပေးရင်းပြောသည်။
"အကြောင်းရင်းက အသက်ရှူကြပ်ပြီး သေဆုံးရတာ၊ သူ့လည်ပင်းကို ကြိုးတစ်ခုခုညစ်ခံခဲ့ရတာ"
"သေဆုံးချိန်ကတော့ အတိကျမှန်းဖို့ခက်တယ်၊ အကြမ်းအားဖြင့် လွန်ခဲ့တဲ့ (၁၀)ရက်ကနေ (၁၅)ရက်အတွင်းလို့ ကောက်ချက်ချထားတယ်၊ ဆိုတော့ ခန့်မှန်းချေအားဖြင့် စက်တင်ဘာ (၁၃)ရက် (၁၄)ရက် ကနေ စက်တင်ဘာ (၁၉)ရက်ကြားလောက်ပေါ့..."
"အလောင်းရဲ့အရောင်က ပုံမှန်ဖြစ်မနေတာကရော..."
နေဘုန်းခ မေးလိုက်သည်။
"အဲ့ဒါက အပူချိန်ကြောင့်ပါ၊ သတ်ပြီးတဲ့နောက်မှာ အလောင်းကို အအေးခန်းထဲမှာ ဝှက်ထားခဲ့ပုံပဲ... အဲ့လို အပူချိန်တစ်ခုမှာ အချိန်အတော်ကြာကြာထားပြီးမှ စွန့်ပစ်တာကြောင့်လည်း သေဆုံးချိန်ကို ခန့်မှန်းဖို့ခက်ခဲနေတာ..."

ESTÁS LEYENDO
The Dark Nights in the Rain
Ficción General[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...