အပိုင်း(၁၆)_မိုးစက်အောက်က အတိတ်ဟောင်းများ
မနက်ခင်းစောစောအချိန်၌ ရုံးခန်းလေးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ အဖွဲ့သားတွေ ရောက်ဖို့ စောနေသေးသောကြောင့် ရုံးမှာညအိပ်သည့် ရဲဇာနည်တစ်ယောက်သာ ရုံးခန်းထဲရှိနေသည်။ တစ်ယောက်တည်း ရုံးစားပွဲမှာထိုင်ရင်း အမှုကိစ္စကို တွေးတောနေမိသည်။
"အား...ကျစ်..."
စဉ်းစားရင်း ခေါင်းရှုပ်လာသည်မို့ ဆံပင်တို့ကို ထိုးဖွပစ်လိုက်သည်။ ရုတ်တရက် အကြည့်တို့က စားပွဲပေါ်ရှိ စာအုပ်ကြားထဲမှ တစ်စွန်းတစ်စထွက်နေသည့် ဓာတ်ပုံလေးဆီသို့ ရောက်သွားသည်။ အရောင်မှိန်နေပြီဖြစ်သည့် ကောင်လေးနှစ်ယောက်ရဲ့ ဓာတ်ပုံဟောင်းလေးဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ပခုံးဖက်ထားကြသည်။
"ယုန်ဖြူလေး...မင်းဘယ်မှာလဲ..."
ဓာတ်ပုံထဲက ယုန်ဖြူလေးရဲ့ ဘယ်ဘက်လက်ဖမိုးပေါ်က အမာရွတ်ကိုမြင်တော့ Alexထွဋ်ခေါင်ကို စဉ်းစားမိပြန်သည်။
"အရမ်းတူကြတာပဲ..."
ထိုစဉ်ရုံးခန်းထဲသို့ နေဘုန်းခ ဝင်လာပြီး ရဲဇာနည်အနားသို့ရောက်လာသည်။
တိတ်တဆိတ်ပင် ရဲဇာနည်လက်ထဲက ဓာတ်ပုံကို ခိုးကြည့်လိုက်သည်။ အတွေးလွန်နေသည့် ရဲဇာနည်ကတော့ သတိမထားမိသေးပေ။
"အဲ့ဒါ အစ်ကို အခုထိ စောင့်နေတဲ့ အချစ်ဦးလား"
"အာ... ညီ နေဘုန်း လန့်လိုက်တာ"
နေဘုန်းခ ရဲဇာနည်ကို ရယ်ပြရင်း လက်ထဲက ကော်ဖီနဲ့ ပေါင်မုန့်ဘူးကို စားပွဲပေါ်သို့ ချပေးလိုက်သည်။
"မနက်စာ မစားရသေးဘူးမလား"
"အဲ့ဒါကြောင့်ညီက ချစ်ဖို့ကောင်းတာ"
"ချစ်ဖို့ကောင်းရင်ဓာတ်ပုံပြ"
နေဘုန်း ရဲဇာနည်လက်ထဲက ဓာတ်ပုံဟောင်းလေးကို ဆွဲယူလိုက်သော်လည်း ရဲဇာနည်က အပြုံးမပျက်ပေ။ ဒီဓာတ်ပုံဟောင်းလေးကို လူမမြင်အောင် အမြဲဝှက်ထားတတ်သည့် ရဲဇာနည်က ဒီနေ့မှ ကြည်ကြည်ဖြူဖြူ ဖြစ်နေသည်မို့ နေဘုန်း အနည်းငယ်အံ့သြနေမိသည်။ ဓာတ်ပုံလေးကို မကြည့်ခင် သေချာအောင်ထပ်မေးလိုက်သေးသည်။
KAMU SEDANG MEMBACA
The Dark Nights in the Rain
Fiksi Umum[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...