အပိုင်း(၁၀)_ဘယ်သူ့အတွက်လက်စားချေတာလဲ
ညနေခင်းရဲ့ လေပြေနုနုသည် ဖွင့်ထားသည့်ပြတင်းပေါက်မှ အသာအယာတိုးဝင်နေသော်လည်း ရှင်းသန့်ကို၏ ရင်ထဲမှာတော့ ဆိုင်ကလုန်းရော တိုင်ဖုန်းပါ ဝင်ရောက်တိုက်ခတ်လျက်ရှိသည်။ အကြောင်းအရင်းမှန် တရားခံမှာ သူ့ရှေ့က အနှီးလူသားကြောင့် ဖြစ်သည်။ ဆေးခန်းဖွင့်ချိန်နီး၍ သန့်ရှင်းရေးလုပ်နေခိုက် ရုတ်တရက်ရောက်လာတဲ့ ထိုလူသားလေးသည် တံခါးဝမှနေ၍ သူ့ကို မခို့တယို့လေး ပြုံးပြနေလေသည်။
အပြနုရောင်ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီအဖြူရောင်ဝတ်ထားပြီး ရှူးအနက်စီးထားတဲ့ သူ့ပုံစံက ဆွဲဆောင်မှုအပြည့်ဖြင့် ကြည့်ကောင်းနေလေသည်။ နောက်တစ်ခေါက် ဆက်ဆက်ပြန်လာခဲ့မယ်ဆိုပြီး အိမ်မက်ပေးသွားသည့် ထိုလူသားကို မတွေ့ရတဲ့ ဒီတစ်ပတ်ကျော်ကာလအတွင်း မျှော်နေမိသည်ကိုတော့ ရှင်းသန့်ဝန်မခံလိုပေ။ တကယ်ဆို တခဏတာတွေ့ရတဲ့ သူစိမ်းတစ်ယောက်ကို မျှော်နေမိခြင်းသည် သဘာဝမကျလှဟု ရှင်းသန့်ကို ထင်မြင်မိသည်။
"ဘာလို့ထပ်လာတာလဲ၊ ဒဏ်ရာက မသက်သာဘူးလား..."
ရှင်းသန့် ရင်ထဲရှိသမျှ ခံစားချက်အစုံကို ဖုံးဖိကာ ဘောက်ဆက်ဆက်လေသံဖြင့် ထိုကောင်လေးအားမေးလိုက်သည်။
"အင်း မသက်သာဘူး၊ ခင်ဗျားကိုပဲ သတိရနေမိလို့"
ထိုကောင်လေး၏ အဖြေကြောင့် ရှင်းသန့်မျက်နှာတွေ ပူရှိန်းရှိန်း ဖြစ်သွားခဲ့ရသည်။ သူ့စကားက ဘယ်လိုအဓိပ္ပါယ်သက်ရောက်နေမှန်း ဒီကောင်ဆိုးလေးဟာ သိရောသိပါရဲ့လားဟု ရှင်းသန့်တွေးနေမိသည်။ ရှင်းသန့် ထိုကောင်ဆိုးလေးကို တစ်ချက်သာစောင်းငဲ့ကြည့်လိုက်ပြီးနောက် ဂရုမပြုချင်ဆောင်ကာ ဆေးပုလင်းတွေကို ဆက်စီနေလိုက်သော်လည်း ကောင်ဆိုးလေးသည် ပိုင်စိုးပိုင်နင်းနိုင်စွာပင် လူနာကုတင်နားက အညိုရောင်ဆိုဖာဟောင်းလေးမှာ ခပ်တည်တည်နှင့် ဝင်ထိုင်နေလေသည်။
ŞİMDİ OKUDUĞUN
The Dark Nights in the Rain
Genel Kurgu[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...