-40-

983 117 13
                                        

အပိုင်း(၄၀)_ သန်းခေါင်ယံကို ဖြတ်ရလိမ့်မယ်

မီးသဂြိုလ်ပြီး နာရေးကိစ္စ အကုန်ပြီးစီးပြီးနောက် မင်းခန့်က နေဘုန်းခ အေးအေးဆေးဆေး အနားယူနိုင်ရန် ကမ်းခြေက အပန်းဖြေစံအိမ်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ခေါ်လာခဲ့မိပြီးမှ မင်းခန့် အလွန်နောင်တရသွားခဲ့ရသည်။ တစ်ချို့သော ကိစ္စတွေသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတတ်သည်မှာလည်း သဘာဝပင်ဖြစ်သည်။

ထင်မှတ်မထားဘဲ စစ်ပိုင်က စံအိမ်တွင် ကြိုရောက်နှင့်နေခဲ့သဖြင့် နေဘုန်းခနှင့် တည့်တည့်တိုးကြလေတော့သည်။ နှစ်ယောက်ကြားမှာ ဗျာများနေရသူကတော့ ဥက္ကာမင်းခန့်သာ ဖြစ်သည်။ ကိုထွဋ်ရဲ့ အပွန်းပဲ့မခံနိုင်သည့် တန်ဖိုးထားမြတ်နိုးရာ နှစ်ယောက်က ထိပ်တိုက်တွေ့နေကြသည်။ မင်းခန့်မှာ ဟိုဘက်ဝင်ပါရမလို ဒီဘက်ဝင်ပါရမလို လွန်ဆွဲရင်း ဒုက္ခများနေပြီဖြစ်သည်။

ကမ်းခြေဖြစ်သဖြင့် လေအေးက အနည်းငယ်ပြင်းလှသည်။ လေအဝှေ့မှာ စစ်ပိုင်ရဲ့ မီးခိုးရောင် ဆံပင်တွေက လူးလွန့်နေပြီး နှုတ်ခမ်းပါးပါးကို တင်းတင်းစေ့ထားသည်။ နေဘုန်းခရဲ့ မျက်ဝန်းနက်နက်တွေကလည်း စစ်ပိုင်ကို စူးရှတောက်ပစွာ စိုက်ကြည့်လျက်ရှိသည်။ နှစ်ယောက်သားသည် ကျားနှင့်ဆင် လယ်ပြင်မှာတွေ့သည်အတိုင်း တည့်တည့်ကို ထိပ်တိုက်တွေ့နေကြခြင်းဖြစ်သည်။

"Awlလို့ ခေါ်ရမလား၊ သော်စစ်ပိုင်လို့ ခေါ်ရမလား"

"သော်စစ်ပိုင်ရဲ့ ဘဝက မင်းအစ်ကို ဖျက်ဆီးခဲ့တာလေ"

စစ်ပိုင်၏ အသံသည် နာကြည်းမှုများနှင့်အတူ အေးစက်ခက်ထန်လျက်ရှိသည်။

"မင်းကလည်း ဒီဆယ့်တစ်နှစ်လုံးလုံး ငါ့နေရာကိုယူပြီး ငါ့အစ်ကိုကို အပိုင်သိမ်းထားတာပဲမဟုတ်ဘူးလား"

"ငါက... မင်း နေရာကို ယူ တယ်...ဟ ရယ်စရာပဲ..."

ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ မထိတထိပြုံးရင်း တစ်လုံးချင်းပြောနေသည့် စစ်ပိုင်၏အသံသည် လှောင်ရယ်သံတစ်ဝက်နှောနေသည်။

"မင်း အစ်ကိုက ငါ့ကို မင်းနေရာမှာ အစားထိုးထားခဲ့တာ...ငါ့မိဘတွေကို သတ်ပြီးတော့လေ..."

The Dark Nights in the Rain Donde viven las historias. Descúbrelo ahora