-33-

1K 79 3
                                    

အပိုင်း(၃၃)_ကိုထွဋ်လိုက်လာတယ်

စစ်ပိုင် တစ်ယောက်တည်း ပျင်းရိညည်းငွေ့ဖွယ်ကောင်းသော နေ့လည်ခင်း အချိန်တွေကို စိတ်မပါစွာ တီဗွီကြည့်ရင်း အိပ်ခန်းထဲမှာ ကုန်ဆုံးနေရသည်။ မိုးအုံ့အုံ့မှာ ဘားကိုသွားပြီး ကော့တေးလေး၊ ဝီစကီလေး သောက်ချင်သော်လည်း ကိုကိုက ခွင့်မပြုပေ။ ကလပ်တွေ၊ ကာစီနိုတွေက အလုပ်ကိစ္စတွေကိုပင် ဖုန်းနှင့်သာ စီမံညွှန်ကြားနေရသည်။

လေးချက်လောက်သာချုပ်ရသော ဒဏ်ရာသေးသေးလေးကို အကြောင်းပြုကာ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရနှင့် လူမမာလိုနေခိုင်းနေတဲ့ ကိုကိုသည် သည်းသည်းလှုပ် စိတ်ပူတတ်လွန်းသည်။ အရင်ကလို သွေးရဲသံရဲတွေသာဖြစ်ရင် ကိုကိုဘယ်လိုနေလိမ့်မလဲလို့ စိတ်ကူးကြည့်မိသည်။ ပျာယာခတ်နေမည့် ကိုကို့မျက်နှာလေးကို တွေးရင်း စစ်ပိုင် ကျေကျေနပ်နပ်ကြီး ပြုံးနေမိတော့သည်။

"ကောင်ဆိုးလေး အောက်မှာ မင်းအစ်ကို ရောက်နေတယ်...."

"ဟမ်..."

ကိုကို့ အသိပေးစကားအဆုံးတွင် စစ်ပိုင် အောက်ထပ်က ဧည့်ခန်းကို အလျင်အမြန် ပြေးဆင်းလာခဲ့သည်။ စစ်ပိုင် အမြင်မမှားရင် ဧည့်ခန်းထဲက ဆိုဖာမှာ ထိုင်နေသည့် ကိုထွဋ်ရဲ့ မျက်နှာသည် အလွန်ပင် ဖြူဖျော့လို့နေသည်။ နှာတံချွန်းချွန်းပေါ်မှာပင် ချွေးစက်တို့ တွဲလဲခို လျက်ရှိသည်။

"ကိုထွဋ် နေမကောင်းဘူးလား"

တွေဝေငေးမောစွာ မတ်တပ်ရပ်နေသော ကိုထွဋ်သည် အသက်ရှူသံတို့ မြန်ဆန်နေသည်ပြီး အသိစိတ်လွှတ်နေသလို ဖြစ်နေသည်ကို စစ်ပိုင် သတိထားလိုက်မိသည်။

"ကိုထွဋ်... ကိုထွဋ်..."

အကြိမ်ကြိမ် တော်တော်များများ‌ ခေါ်လိုက်မှ စိတ်နဲ့လူနဲ့ပြန်ကပ်လာဟန်ရှိပြီး သူ့အား လှည့်ကြည့်လာသည်။

"လက်တွေလည်း အေးစက်လို့... နေမကောင်းဘူးလား"

"ကောင်းပါတယ်..."

ကိုထွဋ်ကို ကြည့်ရတာ တစ်ခုခု မူမမှန်သလို ခံစားနေရသည်။ သို့သော်လည်း သူ့ကို စိတ်ပူတတ်သည့် ကိုထွဋ်ရဲ့ ပုံရိပ်ကတော့ အရင်အတိုင်း ရှိနေဆဲပင်ဖြစ်သည်။

The Dark Nights in the Rain Onde histórias criam vida. Descubra agora