-38-

922 101 16
                                        

အပိုင်း(၃၈)_အိမ်မက်ဆိုး (သို့) ဆုလာဘ်

ရှိန်း လက်ထဲက စစ်ပိုင်သည် သတိမေ့မြောမတတ် ဖြစ်နေပြီဖြစ်သည်။ သို့သော် ရှိန်းအလွတ်မပေးဘဲ ဆက်ထိုးနေမိသည်။ အပေးအယူကိစ္စ နှစ်ဘက်လုံးကို သတင်းပေါက်ကြားစေခဲ့သူဟာ စစ်ပိုင်မှန်း သိပြီးကတည်းက အရှင်ထားဖို့ စိတ်ကူးမရှိတော့ပေ။ အသေသတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ဒါလင်မသတ်ရက်သော်လည်း ရှိန်းကတော့ လုပ်ဝံ့သည်။ ဒါလင့်အတွက် အတားအဆီးဖြစ်စေမည်ဆိုလျှင် မည်သူ့ကိုမဆို ရှင်းပစ်ရန် ဝန်မလေးခဲ့ပေ။ ထိုအတွက်နဲ့ လူဘယ်နှစ်ယောက်လောက် ရှင်းပစ်ခဲ့ပြီးပြီလဲ ရှိန်းမမှတ်မိ‌တော့‌ပေ။

အခုလည်းရှိသမျှဒေါသအကုန် စစ်ပိုင်ဆီပုံချနေဆဲမှာပင် သြဇာအာဏာကြီးမားလှသည့် အသံတစ်ခုက သူ့ဆီကို ပျံ့လွှင့်လို့လာသဖြင့် ရှိန်းလှမ်းကြည့်လိုက်မိသည်။

"ရပ်လိုက်တော့၊ ဘေဘီရှိန်း..."

တံခါးဝမှာ ရပ်နေသည့် ထွဋ်ခေါင်မျက်နှာမှာ စိုးရိမ်မှုတို့က အဆုံးစွန်ထိ ရောက်နေပြီမှန်း သိသာလှသည်။

တင်းမာနေတဲ့ မျက်နှာထားနှင့်အတူ မျက်ဝန်းတို့ကပါ ရဲရဲနီနေကြသည်။

"တော်လိုက်တော့... တော်လိုက်ပါတော့ ဘေဘီ"

ထွဋ်ခေါင်စကားကိုကြားတော့ ရှိန်း သူ့လက်ထဲက စစ်ပိုင်ကို ဆောင့်တွန်းကာ အဝေးကို လွှင့်ပစ်လိုက်သည်။ သတိလစ်လုလုဖြစ်နေသော စစ်ပိုင်သည် ရှိန်းရဲ့ မလှမ်းမကမ်းမှာ လဲကျသွားသည်။

ရှိန်းရှိရာကို လျှောက်လှမ်းလာနေတဲ့ ထွဋ်ခေါင်ရဲ့ ခြေလှမ်းတွေမှာ စိုးရိမ် ပူပန်မှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။

"ပိုင်လေး..."

ထိုစကားသံဟာ စစ်ပိုင်အတွက် အရာရာကို ပြည့်စုံသွားစေသလို လုံခြုံမှုကို ခံစားလိုက်ရသည်။

"ကိုယ် သူ့ကို ပြန်ခေါ်သွားမယ် ဘေဘီ၊ ပြီးတော့ ဟိုကောင်လေးကိုရော"

ရှိန်းရဲ့ လူနှစ်ယောက်ချုပ်ထားတဲ့ ရှင်းသန့်ကိုအား လက်ညွှန်းထိုးပြလိုက်ပြီး ထွဋ်ခေါင် လေပြည်အေးလေးဖြင့် ပြောလိုက်သည်။

The Dark Nights in the Rain Onde histórias criam vida. Descubra agora