အပိုင်း(၃)_ယုန်ဖြူလေးမှ မြွေဟောက်တစ်ကောင်အဖြစ်သို့
(၃) ရက်၊ ဇူလိုင်လ၊ (၁၉၉၈) ခုနှစ်။
ဖွေးဖြူဖြူရေလှိုင်းတို့သည် မာကျောလှသော ကျောက်သားကမ်းခြေကို ဖြိုချဖျက်ဆီးတော့မည့်နှယ် ဒေါသတကြီးလာရောက်ရိုက်ခတ်ပြီးနောက် အားမာန်လျော့ကာ ခပ်ဖြည်းဖြည်း ပြန်လည်ဆုတ်ခွာနေကြသည်ကို သူငေးကြည့်နေမိသည်မှာ အချိန်အတော်ကြာနေခဲ့လေပြီဖြစ်သည်။ တိုက်ခတ်နေသည့် လေပြင်းပြင်းတို့ကြားတွင် ကောင်လေး၏ မဟူရာရောင်ဆံပင်တို့ လွှင့်မျောနေကြသည်။ ကလေးဆန်လှတဲ့ သူ့မျက်နှာဖွေးဖွေးလေးမှာ မျက်ရည်စတွေနှင့် စွတ်စိုလျက်ရှိသည်။
သူကားတိုက်ခံရပြီးနောက် ဆေးရုံပေါ်တွင် နှစ်ညလောက်သတိလစ်နေခဲ့သည်။ သတိရရချင်း ညီငယ့်ကိုပြန်လာရှာသော်လည်း ထိုခုံတန်းလေးမှာ ညီငယ်လေးမရှိတော့ပေ။ အနီးတစ်ဝိုက်ကလူတွေကို လိုက်မေးခဲ့သော်လည်း သိသူ ရှိမနေခဲ့ပေ။ သူ အရူးတစ်ပိုင်းဖြစ်လို့သွားခဲ့ရသည်။ ချစ်ရပါသော တစ်ဦးတည်းသောညီငယ်လေးသည် ဘယ်ဆီဘယ်ဝယ်ကိုရောက်သွားသည်ကို အစအနပင် ရှာ၍မတွေ့ခဲ့ပေ။ အတွေးပေါင်းစုံဖြင့် ငိုခဲ့ရသည်ကများလှသည်။ အိမ်မက်ဆိုးတို့ကလည်း နှောက်ယှက်လွန်းလှသည်။
“ဘယ်တွေရောက်နေလဲ ညီငယ်ရယ်...”
တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကမ်းစပ်ကနေ ခပ်ဖြည်းဖြည်းပြန်တက်လာခဲ့သည်။
လမ်း၏တစ်ဘက်တစ်ချက်စီတွင် အလှသစ်ပင်ငယ်တို့ အစီအရီစိုက်ထားပြီး ကျောက်စရစ်ခင်းထားသော လမ်းငယ်လေးပေါ် သူတစ်ယောက်တည်း ခပ်ဖြည်းဖြည်းလမ်းလျှောက်လာခဲ့သည်။ မိုးပင်စင်စင်မလင်းသေးသည့် ဝေလီဝေလင်းအချိန်တွင် လေပြင်းတို့ကတိုက်ခတ်လျက်ရှိသကဲ့သို့ ကောင်လေး၏ စိတ်တွေကလည်း ဂယောက်ဂယက်ဖြင့် လှုပ်ခတ်လို့နေလေသည်။

KAMU SEDANG MEMBACA
The Dark Nights in the Rain
Fiksi Umum[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...