-12-

1.2K 159 43
                                        

အပိုင်း(၁၂)_ မိုးစက်အောက်က နှလုံးသားများ

ကောင်​ဆိုးလေးသည် မိုးတွေနဲ့အတူ ရောက်​ရောက်​လာတတ်​သည်​။ ယခုလည်း မိုးရွာနေတဲ့ ညနေခင်းမှာ မဖိတ်​ခေါ်ချင်​ဘဲ မျှော်​နေမိတဲ့ စစ်​ပိုင်​အမည်​ရှိ ထိုကောင်​ဆိုးလေး ထပ်​ရောက်​လာပြန်​သည်​။

"ဒီတစ်​ကြိမ်​တော့ ကျွန်​တော့်​ကို ကြိုဆိုတယ်​မလား"

မခို့တယို့အပြုံးတို့ဖြင့် မေးလာတဲ့ ကောင်ဆိုးလေးစစ်ပိုင်ကို ရှင်းသန့်​ကို ခပ်ဟဟပြုံးရင်း ခေါင်းညိတ်​ပြလိုက်​သည်​။ ကောင်ဆိုးလေးသည် ဆေးခန်းအတွင်းရှိ ဆိုဖာလေးတွင် ဝင်ထိုင်ကာ သူ့အား ရယ်ကျဲကျဲဖြင့် ပြောလေသည်။

"ကျွန်​တော်​ ညနေစာ မစားရသေးဘူး ဒေါက်တာရှင်းသန့်​ကို"

"ခေါက်​ဆွဲပြုတ်​ပဲရှိတယ်​"

"အင်း စားချင်​တယ်​"

ရှင်းသန့်​ တစ်ချက်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဆေးကုသခန်း တစ်ဖက်ရှိ အခန်းငယ်လေးသို့ သွားကာ လျှပ်​စစ်​မီးဖိုလေးကို ဖွင့်​ပြီး ခေါက်​ဆွဲပြုတ်​ဖို့ပြင်​လိုက်​သည်​။

"ကျွန်​တော်​ တကယ်​လွမ်းနေတာ ခင်​ဗျားကိုလေ"

ထိုအချိန် ရုတ်တရက် စကားဆိုလာသည့် ကောင်ဆိုးလေးကြောင့် ရှင်းသန့်​ကို၏ လက်တို့ တုန့်​ခနဲဖြစ်​သွားရသည်​။ ထိုကောင်လေးဆီအကြည့်ပို့မိတော့ ရီဝေနေသောအကြည့်တို့အား ရင်ဆိုင်လိုက်ရသဖြင့် ရှင်းသန့်ကို ရုတ်တရက် အသက်ရှူမှားသွားရသည်။

"မင်း ဒီစကားမျိုး ဘယ်​နှစ်​ယောက်​ကို ပြောပြီးပြီလဲ"

ရှင်းသန့် ကိုယ့်စိတ်ကိုယ် အမြန်ပြန်ထိန်းလိုက်ပြီးနောက် မဲ့ပြုံးလေးပြုံးလိုက်ကာ မေးလိုက်မိတော့ စစ်​ပိုင်​က ခပ်​ဟဟသာ ရယ်​မောနေလေသည်​။

"ကိုရှင်းသန့်​ အဲ့လိုပဲခေါ်မယ်​လေ ရတယ်​မလား"

"မင်းသဘောပဲလေ"

ကောင်​ဆိုးလေးဟာ စကားလမ်းကြောင်း လွှဲတတ်​မှန်း ရှင်းသန့်​သိလိုက်​ရပြန်သည်​။ ထိုစဉ် အေးစက်စက်လေတို့ တိုက်ခတ်လာသဖြင့် ရှင်းသန့်​လှည့်​ကြည့်​လိုက်​တော့ ပိတ်​ထားတဲ့ ပြတင်းပေါက်​ကို ဖွင့်​ပြီး အပြင်​ကို ရပ်​ကြည့်​နေသည့်​ကောင်​ဆိုးလေးကို တွေ့လိုက်​ရသည်​။

The Dark Nights in the Rain Onde histórias criam vida. Descubra agora