အပိုင်း(၃၆)_ အခက်မတွေ့စေရဘူး
နေဘုန်းခ သတိရလာတော့ အိပ်ခန်းတစ်ခုထဲ ရောက်နေကြောင်း သိလိုက်ရသည်။ သက်သောင့်သက်သာရှိလှတဲ့ အိပ်ယာပေါ်လှဲလျက်ရှိနေပြီး လက်မောင်းက ဒဏ်ရာကိုလည်း သေသေချာချာ ပတ်တီးစည်းပေးထားသည်။ ခေါင်းထဲ အနည်းငယ်ရီဝေဝေ ဖြစ်နေသေးသော်လည်း အိပ်ယာပေါ်ကထလိုက်သည်။ ကြမ်းပြင်ပေါ်ခြေချလိုက်မိစဉ်မှာပဲ ခေါင်းထဲက မိုက်ခနဲဖြစ်သွားပြန်သည်။ အခန်းထဲက ထွက်ဖို့ ခြေလှမ်းပြင်နေဆဲမှာပင် အခန်းထဲဝင်လာတဲ့ မင်းခန့်ကို တွေ့လိုက်ရသည်။
"ဘေဘီနိုးနေပြီပဲ၊ ခေါင်းကြည်သွားအောင် သံပုရာရည်လေး သောက်လိုက်ပါဦး"
သူ့ဘေးကို လာချပေးတဲ့ သံပုရည်ခွက်ကို နေဘုန်းခ ထိပင်မထိချေ။ သူ့ရှေ့က ကုလားထိုင်မှာ ထိုင်ကာ ဆေးလိပ်မီးညှိနေသည့် မင်းခန့်ကိုသာ နေဘုန်း စိုက်ကြည့်နေမိသည်။
"စိတ်ချလက်ချသောက် ဘေဘီ၊ ကိုယ် ဆေးမခပ်ထားဘူး"
မင်းခန့်သည် ဆေးလိပ်ငွေ့တို့ ဖွာထုတ်လိုက်ရင်း နေဘုန်းကို ခပ်အေးအေးလေးပြောလေသည်။ ထို့ကြောင့် နေဘုန်းခ သံပုရာရည်ခွက်ကိုယူကာ မော့သောက်လိုက်သည်။ အတန်ကြာသည်အထိ သူတို့နှစ်ယောက်ကြားမှာ စကားလုံးတွေ ပျောက်ဆုံးနေပြီးမှ နေဘုန်းခထံမှ ခပ်တိုးတိုး စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ကိုခန့် ကျွန်တော့်ကို ရှင်းပြသင့်တယ်မလား"
"ဘာကိုလဲ..."
"ကိုထွဋ်ခေါင်နဲ့ပတ်သတ်မှု..."
"ဘေဘီ ဘယ်လောက်ထိ သိချင်လဲ"
မင်းခန့်သည် လက်ထဲက ဖွာလက်စဆေးလိပ်ကို ပြာခွက်ထဲသို့ထိုးချေရင်း ပြန်မေးလိုက်သည်။
"ကိုယ်က ဘေဘီမေးသမျှ အကုန်ဖြေနိုင်မယ့်သူ မဟုတ်ဘူး"
မင်းခန့်ဆီမှ အဖြေစကားကြားရပြီးနောက် နေဘုန်းခ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။
"ဘယ်ကိုလဲ"
မင်းခန့်သည် ထိုင်ရာမထပင် နေဘုန်းကို မော့ကြည့်ကာမေးလာလေသည်။

ESTÁS LEYENDO
The Dark Nights in the Rain
Ficción General[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...