-25-

960 90 9
                                    

အပိုင်း(၂၅)_ ပတ်သတ်နေတာ မကြိုက်ဘူး

(၁၇)ရက်၊ စက်တင်ဘာလ၊ (၂၀၁၇) ခုနှစ်။

ညနေစောင်းအချိန်​ အနောက်အရပ်​မှ ဖြာကျနေသည့်​ နေရောင်​ခြည်က စူးရှတောက်​ပနေပေမဲ့ ပင်​လယ်​ပြင်​ကို ဖြတ်​တိုက်​လာသည့်​ အေးစက်​စက်​လေပြင်းတို့ကြောင့်​ ရာသီဥတုက အနည်းငယ်​ ချမ်းစိမ့်​လို့နေသည်​။​ Lupus မြို့နယ်​၊ ဆိပ်ကမ်းအနီးရှိ ဂိုဒေါင်​အမှတ်​D-13 သည်​ ကျယ်​ဝန်းလှသည့်​ ခြံကျယ်​ကြီးအလယ်​တွင်​ ထီးထီးမားမား တည်​ရှိလျက်​ရှိသည်​။

ပြင်​ပလောကတွင်​ နေရောင်​မပျောက်​သေးသော်​လည်း တံခါးအကုန်​အလုံပိတ်​ထားသည့်​ ဂိုဒေါင်​အတွင်းတွင်​မူ လျှပ်​စစ်​မီးတို့ ထိန်​ထိန်​ညီးနေအောင်​ ဖွင့်​ထားသည်​။ ဂိုဒေါင်​အလယ်​တွင်​ မတ်​တပ်​ရပ်​နေသည့်​ လူတစ်​ယောက်​ကို အနက်​ရောင်​ဝတ်​ထားသော လူခြောက်​ယောက်​ခန့်​က ဝန်းရံထားလေသည်​။ ထို့ပြင်​ မီးရောင်​မှိန်​ထားသည့်​အောက်​ရှိ ဇိမ်​ခံဆိုဖာကြီးတွင်​ ငွေရောင်​မျက်​နှာဖုံးတပ်​ထားသည့်​ လူတစ်​ယောက်​ ခြေချိတ်​လျက်​ထိုင်​နေသည်​။ ထိုသူမှာ မှောင်ခိုလောကသားတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် Cobra Alex ဖြစ်လေသည်။ Fidem ဟုအများက သိကြသည့်​ မင်းခန့်​နှင့်​ စော်​လထော်​တို့က တစ်​ဖက်​တစ်​ချက်​စီ ခြံရံလျက်​ရှိကြသည်​။

"ပစ္စည်းပေး..."

Cobra Alex ၏ အေးစက်​စက်​အသံက အမိန့်​ဆန်​စွာ ထွက်​ပေါ်လာသည်​။

"မေ့ကို အရင်​ခေါ်ခဲ့..."

တစ်ဖက်လူကလည်း သူ့တောင်းဆိုချက်ကို အရင်ပြောလေသည်။ Cobra က တစ်ချက်ပြုံးလိုက်ပြီး ဘက်​လက်​ဖြင့်​ အချက်​ပြလိုက်​တော့ လက်​အောက်​ငယ်​သား၂ယောက်​က ဖမ်းချုပ်​ထားတဲ့ မိန်းကလေးကို ဆွဲခေါ်လာက မတ်​တပ်​ရပ်​နေတဲ့ ထိုလူဆီသို့ တွန်းပို့လိုက်​သည်​။

"တောင်းပန်​ပါတယ်​ မေ..."

"ကို..."

ကြောက်​လန့်​တုန်​ရီနေတဲ့ ချစ်​ရသူ သက်ထားမေကို ဆက်​ပိုင်သွေး ရင်​ခွင်​ထဲ ထည့်​ထားလိုက်​သည်​။

The Dark Nights in the Rain Where stories live. Discover now