Part 38

6.2K 287 8
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၃၈)

#တွယ်နှောင်ရစ်ငင်

11160841

"ကိုယ်တို့ နေပြည်တော်မှာပဲ အိပ်လိုက်မယ်.."

"ဟင်...အင်း.."

မြို့ထဲ မီးရောင်တွေ တွေ့ရတော့  အလုံး ဘေးဘက် ကပ်သွားပြီး သားကို လက်ကုတ်ရသည်။

"အင်.."

".........."

ပါးကုတ်လိုက် နားကုတ်လိုက်ဖြင့် နိုးလာတာ တော်တော် အားကိုးရတဲ့ ကလေး..။

"ဟင်...ရောက်ပြီလား.."

"အေး...မင်း အိပ်လို့ကောင်းလား..."

"အစကတော့ မအိပ်ပါဘူး..စကားကောင်းကောင်း ပြောပါစေဆိုပြီး အိပ်ပေးတာ.."

"သြော်..ကျေးဇုးတင်ပါတယ်..."

"အဟွင်း.."

"အင်...နေပြည်တော်မှာလား.."

"မင်း ရောက်ဖူးလား.."

"မရောက်ဖူးဘုး..တွေ့ဖူးတာပါ...ဘယ်သွားမလို့လဲ..ဖေချမ်း.."

"ဟိုတယ်လေ...ညအိပ်နားဦးမယ်...ငါချည်းပဲ မောင်းနေရတာ ညောင်းနေပြီ.."

"ဟီး..မောင် က နှေးလို့ပါ..နက်ဖြန်...မောင် မောင်းမယ်.."

"ကြည့်သေးတာပေါ့..."

"သြော်....အခန်း ကို နှစ်ခန်းပဲယူသိလား..မေ နဲ့မောင်က တစ်ခန်းနေလို့ရတယ်..."

"........"

ကိုချမ်း မျက်ခုံးတွန့်သွားတာအလုံး တွေ့လိုက်ပေမဲ့ သားကတော့ လမ်းကို လိုက်ကြည့်နေသည်။

ဟိုတယ်ရောက်တော့ ကိုချမ်း ကအရင်ဆင်းသွားသည်။

"သားနော်..ကိုချမ်းကို အရမ်း မစနဲ့.."

"ဘာမှ မပြောပါဘူး..မေ့ကလည်း.."

'မပြောလို့ပဲ....ဟွင်း...ကား မောင်းပေးမယ်ဆိုပြီး အိပ်တာဆိုတာကလည်း.."

"ဟီး..မအိပ်ပါဘူး..ငယ်ကြောင်းပြန်ပြောင်းပြောနေတာကို နားထောင်နေတာပါနော်.."

"ဟင်.."

"မေ့တို့ကလည်း မောင် အိပ်နေလည်း ပြောစရာ မရှိပါဘူး..ဟုတ်တယ်မလား.."

တွယ်နှောင်ရစ်ငင်Where stories live. Discover now