တွယ်နှောင်ရစ်ငင်
အပိုင်း(၄၂)
11210424
#တွယ်နှောင်ရစ်ငင်
"မေ့.."
"ဟင်..."
"တကယ်လို့...ဖေချမ်း နဲ့ လက်ထပ်ဖြစ်ရင်လေ..."
".........."
အလုံး လက်ထဲက ခေါက်လက်စ အကျီ င်္ကို မကြည့်တော့ပဲ သားကို လှမ်းကြည့်မိသည်။
သား က ခုတင်ပေါ်မှာ ခြေတင်ပြီး တင်ပလင်ခွေ ထိုင်နေရင်း အလုံးကို ပြန်ငေးကြည့်နေသည်။
"ပြောလေ...သားရဲ့..."
"ဖေချမ်းဘက်က လူတွေက သဘောမတူရင် ဘယ်လို လုပ်မလဲဟင်..."
".........."
အလုံး ပြောရခက်သွားတော့ အကျီ င်္ကို ပြန်ကြည့်ပြီး ခေါက်လိုက်ပေမဲ့လည်း စိတ်ထဲမှာတော့ အတော်လေး မောသွားသည်။
သား ပြောသလို တွေ ဖြစ်လာခဲ့ရင် ကိုချမ်းစိတ်ဆင်းရဲရလိမ့်မည်။
အေးလေ...ဒီလိုမိန်းမနဲ့ ဘယ်သူကကော သဘောတူချင်ပါ့မလဲ..။
"ဟင်...မေ့.."
"ဟင်း...မေ့ မတွေးရဲဘူး သားရယ်...ကိုချမ်း က ဘယ်လောက် အသက်ကြီးကြီး သူ့အသိုင်းအဝိုင်းပတ်၀န်းကျင်ကတော့ ရှိနေမှာပဲ..ကိုချမ်းကို စိတ်မဆင်းရဲစေချင်ဘူး."
"ဖေချမ်းဘက်က မေ့ နဲ့ သဘောမတူ ဘူးဆိုရင် မေ့ နောက်ဆုတ်မှာလား ဟင်.."
"အဲလိုဆို သားက ဘယ်လို ခံစားရမလဲ..."
"ဟင်.."
အလုံး ပြန်မေးလိုက်တော့ သားက မျက်လွှာချသွားပြီး အိပ်ရာခင်းကို အကြောင်းပြချက်မရှိ လက်ဖြင့် ကုတ်နေသည်။
"သား စိတ်မကောင်းဖြစ်မှာလား.."
"မဖြစ်ပါဘူး..မောင်နားလည်ပါတယ်...ဖေချမ်းရဲ့ စိတ်ကိုလည်း နားလည်သလို ဖေချမ်း အသိုင်းအဝိုင်း ရဲ့ စိတ်ကိုလည်း နားလည်ပါတယ်....မောင်ကြောက်တာက မေ့ခံစားရမှာ စိတ်မကောင်းဖြစ်မှာကိုပါ..."
"မေ့ကတော့ သား နဲ့ကိုချမ်း ပေါ်မှာပဲ မူတည်တယ်...သားတို့ နှစ်ယောက် ဘာမှ မဖြစ်ရင် မေ့လည်း ခံနိုင်ရည် ရှိပါတယ်...သတ္တိတော့ မွေးရမှာပေါ့ သားရယ်...မေ့တို့က ငယ်ငယ်ကတည်းက အခြေမတူဘူးဆိုပေမဲ့ ခုတော့ အဆင့်အတန်း အကွာကြီး ဖြစ်သွာြး့ပီလေ...ပတ်၀န်းကျင်က ပုတ်ခတ်မှုလည်း ခံရဦးမယ်..အရင်လို ပိုက်ဆံမရှိပေမဲ့ မာနရှိလို့ရတဲ့ အခြေအနေ မဟုတ်တော့ဘူး..နောက်မိန်းမ ဆိုတာနဲ့ တစ်လင်ကွာ သားတစ်ယောက်ပါလာတယ် ဆိုတဲ့ နာမည်မျိုးတွေလည်း ထွက်လာဦးမှာပဲ...ယောက်ျားလေး ဘက်က တစ်ခုလပ်ဆိုတာ ဘယ်လိုမှ မနေပေမဲ့ မိန်းကလေးဘက်ကျတော့ ပြောကြဦးမှာပါပဲ..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...