တွယ်နှောင်ရစ်ငင်
အပိုင်း(၃)
10271051
#တွယ်နှောင်ရစ်ငင်
"နှင်းမှုံ စာမရေးလာဘူးလား.."
"ဟုတ်."
"ဘာဖြစ်လို့လဲ သမီး..."
"အိပ်ပျော်သွားလို့ပါ..."
အလုံး ပြောလိုက်တာ ကို ဆရာမ က ယုံပြီး စာအုပ်ကို ပြန်ပေးသည်။
တကယ်တော့ အလုံး ရေးသားပဲ ရေးနေရင်း စိတ်တိုလာလို့ စာရွက်တွေကို ဖြဲပြီး ကတ်ကြေးနဲ့ ထိုင်ညှပ်ပစ်လိုက်တာ..။
အခုဆို အလုံးက ဆရာမ အနားမှာပဲ ထိုင်ရတော့သည်။
အေးသက်နဲ့လည်း စကားမပြောဘူး..။
ဘယ်သူနဲ့မှ စကားမပြောဘူး..။
သူတို့ အားလုံးကို အလုံး အမြင်ကပ်သည်။
အေးသက် အမေကြီး ထမင်းခွံ့တာ မြင်ရင်လည်း အေးသက်ကို သတ်ပစ်ချင်သည်။
စိုးကျော်အောင် အဖေကြီး က ကျောင်းပို့ရင်လည်း အမြင်ကပ်သည်။
အားလုံးကို အမြင်ကပ်သည်။
အလုံး ကျောင်းကို သွားရတာ သရဲတွေ ရှိတဲ့ နေရာကို သွားရသလိုပဲ ..။
အလုံး တစ်ယောက်တည်းက လူ..။
သူတို့က သူရဲ သစ္ဆေတွေပေါ့...။
"ဟီ...ဟီး..."
"ဟော...ဘာတွေ ရယ်နေပြန်ပြီလဲ..."
ဆရာမက မေးတော့ အလုံး ခေါင်းရမ်းလိုက်သည်။
"ဆရာမ....အလုံး ကျောင်းမတက်ချင်ဘူး.."
"ဟင်...ဘာဖြစ်လို့လဲ သမီး..."
"သမီး မပျော်ဘူး....ဘိုးလေး နဲ့ အလုပ်လိုက်သွားမယ်..."
"ဟင်း....စာမေးပွဲ ပြီးရင် သမီး သုံးတန်း ရောက်တော့မယ်လေ....ပညာတက်ကြီး မဖြစ်ချင်ဘူးလား.."
"ဟင့်အင်း..."
"အို....သမီး ကို ဘယ်သူက ဘာပြောလို့လဲ ဆရာမ ကို ပြောလေ..."
အလုံး ငိုချင်သွားသည်။
"သူ...သူတို့က..ဖေကြီး မိန်မယူသွားပြီလို့ ပြောတယ်..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...