တွယ်နှောင်ရစ်ငင်
အပိုင်း(၃၇)
#တွယ်နှောင်ရစ်ငင်
11161034
"အလုံးရေ...ခဏ..."
"ဟုတ်..."
အလုံး လက်ထဲက အကျီင်္ကို ဘေးမှာချခဲ့လိုက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့ရသည်။
အိမ်ရှေ့ခန်းမှာ လူရိပ်တွေ တွေ့ရတော့ ဆံပင်ကို တစ်ချက် သပ်လိုက်သည်။
အိမ်နေရင်း အ၀တ်တွေနဲ့ အဆင်ပြေပါ့မလား မသိ..။
ကိုချမ်း ဘာခိုင်းစရာ ရှိလို့ပါလိမ့်..။
"လာ.."
"ကိုချမ်း..ဘာလဲဟင်..."
"ကိုယ် တစ်ယောက် နဲ့ မိတ်ဆက်ပေးချင်လို့.."
"ဒီလိုကြီး.."
"ရပါတယ်..."
အလုံး လက်ကို ဆွဲပြီး ပြုံးရင်း အိမ်ရှေ့ခန်းကို ခေါ်လာခဲ့တော့ သက်ပြင်းခိုးချမိသည်။
ရင်တွေခုန်နေတော့ ကိုချမ်းလက်ကို ပြန်ဆုပ်ကိုင်ထားမိသည်။
"........."
ခုံမှာ ခပ်ချောချော မိန်းမ တစ်ယောက် ထိုင်နေပြီး အလုံးကို ပြုံးပြတော့ မဝံ့မရဲ ပြုံးပြမိသည်။
ကိုချမ်းရဲ့ ဇနီးများလားတွေးမိပြီး လက်ကို ဖြုတ်လိုက်မိသည်..။
မဖြစ်နိုင်ဘူး ထင်ပါရဲ့..။
"နှင်းမှုံ လား.."
"ဟုတ်..."
"အဟွင်း...နင်တို့ နှစ်ယောက် ပြန်တွေ့ပြီဆိုတော့ ငါ တော်တော် ၀မ်းသာ သွားတယ်...ချမ်းချမ်း.."
"အဲဒါကြောင့် မလေး ကို ခေါ်တွေ့ပေးတာပေါ့..."
'တစ်အိမ်ထဲ တူတူနေပြီပဲလေ...လက်မထပ် ကြသေးဘူးလား.."
"ကျွန်တော်က လက်ထပ်ချင်တာပေါ့...အလုံးက ခေါင်းမညိတ်သေးဘူးလေ..."
"အယ်...ဘာလို့လဲ..နှင်းမှုံ..."
အလုံး ကို မေးတော့ ဖြေရခက်စွာဖြင့် ခေါင်းကို ဖြည်းဖြည်း ရမ်းမိသည်။
ဒီအစ်မက နှင်းမှုံဆိုတာကို သိနေတယ်ဆိုတော့ ကိုချမ်းနဲ့ ဘယ်လို ပတ်သက်တာပါလိမ့်..။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...