တွယ်နှောင်ရစ်ငင်
အပိုင်း(၉)
#တွယ်နှောင်ရစ်ငင်
10301120
"သချာၤတူးရော တွက်ပြီးပြီလား..."
"ဟင့်အင်း..."
"နေ့တိုင်း ငါ တွက်ပေးတာကိုပဲစောင့်နေတယ်...စာမေးပွဲမှာ နင် ဖြေရမှာနော်....အလုံး..."
"ဟီး...."
အလုံး ရယ်ပြလိုက်တော့ ကိုချမ်းက ဘောပင်နဲ့ ခေါက်ပြီး ဘောပင်ကို လက်ထဲမှာ လှည့်ရင်း သချာၤတွေကို စစ်ပေးနေသည်။
"ထောင့် ဘီ နဲ့ ထောင့်စီ...ဟ....ငါ့မကြည့်နဲ့ စာကို ကြည့်လေ..."
"အွင်း..."
ကိုချမ်းကို ကြည့်ပြီး အလုံး ပြုံးနေမိချိန် ထပ်ပြီး အခေါက်ခံလိုက်ရလို့ ခေါင်းညိတ် ပြီး စာကို ကြည့်လိုက်ရသည်။
ကျောင်းဆင်းသွားချိန် မိုးက နည်းနည်း ရွာနေလို့ မုန့်ဈေးတန်းထဲက ခုံမှာ အလုံးနဲ့ ကိုချမ်း နှစ်ယောက်တည်း သချာၤ တွက်နေကြသည်။
ထမင်းစားကျောင်းဆင်းချိန်ကို မတွေ့ရပေမဲ့ ညနေတိုင်း နာရီဝက်လောက် စာသင်ပေးတာ အလုံး ကျေးဇူးတင်ပါသည်။
အခုဆို သချာၤ ဆရာမ အသစ်ကလည်း အလုံးကို စာတော်သည်လို့တောင် ထင်နေပြီ..။
တကယ်တော့ ကိုချမ်းကြောင့် အလုံး သချာၤတွက်တက်လာခြင်း ဖြစ်သည်။
"မနက်ဖြန် အင်္ဂလိပ် စာလုံးတွေ ကျက်လာနော်...."
"အွင်း..."
"ငါ အချိန်ရှိရင် နင့်ကို စာစစ်ပေးလို့ရတယ်...ခုတော့ ပြန်တာနဲ့ ကျူရှင်တန်းပြေးရတာပဲ...နင့်ကြောင့် ငါ အမြန်နင်းရတာ မောတယ်..."
"ဟီး..."
".........."
အလုံး ခေါင်းကိုဘောပင်နဲ့ ထပ်ခေါက်ပြီး ပြောတော့ ရယ်နေလိုက်သည်။
"နင် ဒီလ သချာၤအောင်ရင် နင့်ကို ဆုချမယ်..."
"ဟင်...ဘာဆုလဲ...."
"မပြောဘူး...အောင်ရင် ရမယ်.."
"အောင်ရင် ဆိုတာ သုံးဆယ်ငါးလား...လေးဆယ်လား..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...