Part 16

4.7K 230 19
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၁၆)

#တွယ်နှောင်ရစ်ငင်

11020618

"မေ့.."

"ဟင်...သား..."

အလုံး မျက်ရည်များကို ကပျာကယာ သုတ်လိုက်ပေမဲ့ သားက ပြေးလာသည်။

"မေ့ ငိုနေတာလား.."

"မငိုပါဘူး..သားရယ်..ကျောင်းမှာပျော်ခဲ့လား.."

"မေ့ ငိုနေတယ်....ဖေဖေ ရိုက်လို့လားဟင်..."

"မဟုတ်ပါဘူး.."

"ဒီမှာ..သွေးထွက်နေတယ်..."

အလုံး နှုတ်ခမ်းထောင့်စွန်းကို သားက လက်ညိုးနဲ့ ထိုးပြတော့ တွန့်သွားပေမဲ့ ကြိုးစားပြုံးပြလိုက်သည်။

ဖူးယောင်နေတဲ့ မျက်နှာမှာလည်း အတက်နိုင်ဆုံး သားကို အပြုံးပဲ ပေးချင်ပါသည်။

"နာနေလား..မောင် ဆေးလိမ်းပေးမယ်နော်..."

"မနာပါဘူးသားရယ်...သားကိုတွေ့တော့ မနာတော့ဘူး..သားက မေ့ရဲ့ ဆေးပဲ..."

သားကို ဆွဲဖက်ပြီး ရင်ခွင်ထဲ ထည့်ကာ  ခေါင်းလေးကို မေးဖြင့် ပွတ်သပ်နေမိသည်။

"မေ့...မောင့်ကို ဦးကောင်းက ဆူတယ်..."

"ဟင်...ဘာလို့လဲ..."

"သူများတွေက သူတို့ ဖေကြီးကို စီးပြီးပြန်တာ...ဦးကောင်းက မောင်စီးချင်တာကို မစီးခိုင်းဘူး...ရိုက်မယ်လည်း ပြောတယ်.."

"သားက ဘယ်လို စီးချင်တာလဲ..."

"ဒီလို စီးချင်တာ..."

သားက သူ့လွယ်အိတ်ကို ဖြုတ်ပြီး လည်ဂုတ်ပေါ်တင်ကာ ခေါင်းလေးငုံ့ပြတော့ အလုံးရယ်မိသည်။

အခန်းကျဉ်းလေးထဲမှာ သာနေခွင့်ရတာ ကြောင့် အခန်းပြည့်နေတဲ့ ခုတင်လေးကို ကိုင်ကာ ထရပ်လိုက်သည်။

"ကဲ...လာ...မေ့ ကိုစီး..."

"ဟီး..."

သားကို ထိုင်ရက်သား ချီပြီး ခုတင်ပေါ်တင်ကာ လည်ဂုတ်ပေါ်တက်ခိုင်းလိုက်တော့ သားက ခေါင်းကို ကိုင်ထားရင်း ရယ်နေသည်..။

တွယ်နှောင်ရစ်ငင်Where stories live. Discover now