တွယ်နှောင်ရစ်ငင်
အပိုင်း(၅၄)
#တွယ်နှောင်ရစ်ငင်
12210157
"အိုး...သားကလည်း...ဆိုင်ကယ်ငှားတာမဟုတ်ဘူး...နေပူထဲမှာ..""မောင်က ငှားမလို့ပဲ..ဖေချမ်းက လမ်းလျှောက်ချင်တယ်ဆိုလို့လေ.."
"ဟင်း.."
ကိုချမ်း ကို ကြည့်တော့လည်း အိတ်တွေ လက်နှစ်ဖက်နဲ့ ဆွဲပြီး ရှေ့ဆုံးက လျှောက်နေသည်။
အလုံးက ဘာမှ မကိုင်ရပဲ လျှောက်နေရပေမဲ့ သားနဲ့ ကိုချမ်း အိတ်ကိုယ်စီ ကိုင်ထားတာကြည့်ပြီး စိတ်မချမ်းသာရပါ..။
"ရောက်တော့မှာပါ ..မေ့ရဲ့...မြင်နေရပြီ.."
"အမလေး..အဲဒါ နာရီ၀က်လောက် ကြာဦးမယ်..."
ရွာအနား လမ်းမကို ရောက်လို့ ကားပေါ် က ဆင်းလိုက်ရပေမဲ့ ရွာထဲ ရောက်ဖို့က တော်တော် လျှောက်ရပါသည်။
အလုံးနဲ့ သားကတော့ အမြဲလျှောက်နေကျမို့ ကိစ္စ မရှိပါဘူး.။
ခုမှ နေကောင်းခါစ ကိုချမ်းကို စိတ်ပူပေမဲ့ ရှေ့ဆုံးကသာ ဦးဆောင်နေပြန်သည်။
အလုံး ခေါင်းရမ်းပြီး သားနဲ့ ယှဉ်လျှောက်ရင်း လမ်းကြုံများ တွေ့မလား လိုက်ကြည့်မိသည်။
"ဟိုမှာ...ဆိုင်ကယ်ပဲ..."
"........"
ဆိုင်ကယ် တစ်စီး လာနေတာ တွေ့တော့ အလုံး လမ်းဘက်ကို တိုးပြီး လက်ပြ လိုက်ရသည်။
ပစ္စည်းတွေသယ်ခိုင်းပြီး ငှားခပေးလိုက်တော့မည်။
ဆိုင်ကယ်က အနားမှာ လာရပ်လိုက်တော့ အလုံး ပြောမလို့ စဉ်းစားနေချိန်..။
"အောင်မင်း..."
"ဟင်..."
အလုံး မသိပေမဲ့ ခပ်လှမ်းလှမ်း ရောက်နေပြီ ဖြစ်တဲ့ သားက မျက်မှောင်ကြုတ်ပြီး လက်ထဲ က အိတ်တွေ ပစ်ချလိုက်တော့ လန့်သွားသည်။
အောင်မင်း ဆိုတော့ ဟိုကောင်လေး..။
အလုံး မျက်လုံး ပြူးနေချိန် ကိုချမ်းကလည်း မျက်မှောင်တွန့်၍ လှည့်ကြည့်လာတော့ ပိုဆိုးသွားသည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...