တွယ်နှောင်ရစ်ငင်
အပိုင်း(၂၅)
#တွယ်နှောင်ရစ်ငင်
"ငါ နေတာ အေးချမ်းပါတယ်ကွာ..."
"မဟုတ်သေးဘူး...မြို့နဲ့ အဝေးကြီးပဲကွာ...ပြီးခဲ့တဲ့ လက မင်း ဆေးရုံတက်ရတဲ့အထိ နေမကောင်း ဖြစ်ထားတာလေ... ...မင်းတစ်ယောက်တည်း နေတာ အန္တရယ်များတယ်ကွ..."
"ကိုယ်ခြံထဲနေတာပဲ...သော့လည်းခတ်တာပဲ...ငါက ဒီလို အိမ်မျိုးတွေကို ပိုကြိုက်တာ...အဆင်ပြေတယ်...."
မြို့ပြနဲ့ဝေးတဲ့ ခြံကျယ်ကြီးနဲ့ နှစ်ထပ်တိုက် အဟောင်းကို ၀ယ်ပြီး ငြိမ်းချမ်း တစ်ယောက်တည်းနေတာကို မိသားစုတွေ ဆူပြီးတော့ သူငယ်ချင်းတွေက ဆူပြန်ပြီ..။
စားပွဲပေါ်မှာ ရှိနေတာကို ဘာမှ မစား မသောက်နိုင်ပဲ ငြိမ်းချမ်းကိုချည်း ပြောဆိုနေတာ စေတနာတွေမို့ နားလည်ပါသည်။
ကိုယ့်ဘဝက အမြဲတမ်း အဲလိုပါပဲလေ။
တခြား လင်မယား တွေ အဆင်မပြေလို့ ကွာရှင်းတာ ကိစ္စ မရှိပေမဲ့ ငြိမ်းချမ်း မှာတော့ ဖိအားတွေ များလာသည်။
မွန့်ရဲ့ အမေ က သူ့သမီးကို ကာဗာ ဖြစ်ဖို့အတွက် စကားလုံး အဆန်းတွေ ထုတ်သုံးခဲ့သည်။
ငြိမ်းချမ်းက ပထမ အိမ်ထောင် ရှိခဲ့ကြောင်းနဲ့ သားသမီး မရနိုင်ကြောင်း..။
သူ့သမီးလေးကို သူများရဲ့ ဒုတိယဇနီး ဖြစ်နေတာ မသိလို့ လက်ထပ်ပေးမိတာ နောင်တရကြောင်း ..။
မိဘတွေချင်း ခင်နေလို့သာ ဒီတိုင်း ထားလိုက်ပေမဲ့ တကယ်ဆို တရားစွဲချင်ကြောင်း..။
သတင်းက အနီးကပ် အသိုင်းအဝိုင်းကိုပဲ ဖြန့်လိုက်တယ်ဆိုပေမဲ့ ငြိမ်းချမ်း ပတ်၀န်းကျင် တစ်ခုလုံးကို ပြန့်သွားသည်။
အဖေက စိတ်ဆိုးသလို မကြီးကလည်း မျက်နှာချင်းဆိုင် ရှင်းမည်ဆိုတာ ကို ငြိမ်းချမ်းတားထားရသည်။
"မကြီးရာ....သူတို့ပြောသလိုပဲလေ....ကျွန်တေ်ာက ကလေးမှ မရနိုင်တော့တာ..."
ငြိမ်းချမ်း ဆေးမှတ်တမ်းတွေပါ သက်သေ ပြလိုက်ရသည် ။
အပေါင်းအသင်း ပတ်၀န်းကျင်ရဲ့ အမေးတစ်ခုချင်းစီ ကို ဖြေရတာတော့ စိတ်ပင်ပန်းရပါသည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...