Part 32

7.4K 386 30
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၃၂)

#တွယ်နှောင်ရစ်ငင်

"မေ့ ပြောနေတာ အဓိပ္ပာယ်မရှိဘူး..."

"........"

"မယုံရင် ပါးစပ်က မေးပါလား..."

"..........."

"မဟုတ်ဘူး.....မောင် ကိုယ်တိုင် တွေ့တယ်..."

"..........."

"မေ့ ဘာကို မျှော်လင့်နေတာလဲ..."

"........."

"သေပစေပေါ့..ဘာဖြစ်လဲ..."

".........."

"ကြီးပစေ..."

".........."

"မေ့ နဲ့ ဘာဆိုင်လို့လဲလို့..."

"........"

"........."

"........."

"အား...မပြောနဲ့...မကြားချင်ဘူး...မနေနိင်ဘူးလို့....မေ့ ဘာဖြစ်နေတာလဲ..."

"......."

"လုံး၀ မနေနိုင်ဘူး...မေ့မပြတ်ရင် နေခဲ့လိုက်...မောင်သွားမယ်..."

".........."

"သား ကို ပြတ်တယ်ပေါ့...ကောင်းတယ်..."

"........"

"ဒုန်း...."

ငြိမ်းချမ်း  အခန်းထဲကို ရောက်လာသည့် စကားသံ ကျယ်ကျယ်လောင်လောင်တွေကြောင့် သက်ပြင်းတစ်ချက်ချမိသည်။

ညတုန်းက မူးနေတာနဲ့ ပေါင်းပြီး အတော်လေး လွန်သွားတာ သိပါသည်။

ကိုယ်မှားခဲ့တဲ့ကိစ္စမို့ တောင်းပန်သင့်သည် ယူဆထားသည်။

မနက်စာ စားတော့မှ ပြောမည်လို့ တွေးမိပေမဲ့ သူတို့ သားအမိက မနက်စောစော ပင် ပြဿနာတက်နေပြီ..။

တံခါးတွေကို အသံမြည်အောင် ဆောင့်ဆွဲဖွင့်နေသံတွေကြောင့် နာရီကြည့်လိုက်တာ ခုနှစ်နာရီသာ ရှိသေးသည်။

ငြိမ်းချမ်း အခန်းထဲက ထွက်လာတော့ ခြံတံခါးလည်းပွင့်နေသည်။

ခြဲတံခါး ဆင်းပိတ်ပြီး ခြံထဲမှာပဲ အချိန်ကြာကြီး ထိုင်နေမိသည်။

"နင်ကလေ အစွဲက ကြီးသေး...အတ္တကလည်း ကြီးသေး...တခြားသူရဲ့ အခြေအနေကိုလည်း မတွေးပေးဘူး...နင်က လူခွစာ..."

တွယ်နှောင်ရစ်ငင်Where stories live. Discover now