Part 36

6.6K 294 11
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၃၆)

#တွယ်နှောင်ရစ်ငင်

11150425

"ဟင်...အဲလို တကယ်ခေါ်တာလား.."

"အွင်း..."

သား က မုန့်စားနေရင်း ခေါင်းညိတ်တော့ အလုံးရင်ထဲမှာ ၀မ်းသာမှုက လှိုက်တက်သွားပြီး ပြုံးမိသည်။

ကိုချမ်းက သူ့အသိုင်းအဝုိင်းအလယ်မှာ သား လို့ သုံးနှုန်းသည်တဲ့လေ..။

အလုံးကို ကိုချမ်း ချစ်တာ သိပေမဲ့  အရင်နဲ့ မတူတော့တဲ့ အဆင့်အတန်း နဲ့ အခြေအနေ တစ်ခုမှာ သားကို လက်ခံဖို့ ခက်ခဲနိုင်သည်။

သူများသားလို့သာ သိထားတဲ့ အရွယ်ရောက်ပြီဖြစ်တဲ့ လူငယ်တစ်ယောက်ကို ကိုယ့်သားပါလို့ ပြောရဲတာလည်း အံသြရပါသည်။

သား ပြောခဲ့သလို နှလုံးသားထဲက အလိုလို လက်ခံလာတာမျိုးများလားဆိုတာ တွေးမိရင်း အလုံး ရင်ထဲ လှိုက်ပြီးပျော်ပါသည်။

"ပြီးတော့ကော..ဘာပြောသေးလဲဟင်.."

"ဟာ..မေ့ကလည်း သုံးခါတောင် ရှိနေပြီ...မေးတုန်းပဲ....သူ့သူငယ်ချင်းတွေက အံသြပြီး မောင့်နာမည်မေးလို့ ပြောလိုက်တယ်...နောက်ပြီး ဆေးကုတဲ့အကြောင်းတွေ ဆက်ပြောတယ်...ဒါပဲလေ...မောင်လည်း သိပ်မမှတ်မိဘူး...ဝိုင်တွေသောက်ပြီး အန်ချင်သလိုလိုကြီး အိပ်ချင်သလိုလိုကြီးပဲ ဖြစ်နေတယ်.."

"အတက်ဆန်းတာကိုး...မသောက်တက်ပဲ သောက်တာပဲ..."

"မောင် မသွားချင်ပါဘူး ဆို အတင်းလွှတ်ပြီး.."

သား က စူပုတ်ပုတ်ဖြင့် ပြောတော့ အလုံး ရယ်ပြီး သားရဲ့ ပါးကို ဖွဖွလေး ဖျစ်လိုက်သည်။

သူ့အဖေ က သူ့ကို သား လို့ ပြောလိုက်လို့ အတော်လေး ၀မ်းသာနေတာ သိသာပါသည်။

အလုံးကို ပြောစတုန်းကဆိုရင် အသံတွေတောင် တုန်သလို ဖြစ်နေသေးသည်လေ..။

"မေ.."

"ဟင်..."

"ဖေ နဲ့ တကယ်လက်ထပ်မှာလား.."

"ဟင်..."

"မောင် စိတ်ပူတယ်...မေ ပင်ပန်းရလိမ့်မယ်..."

တွယ်နှောင်ရစ်ငင်Where stories live. Discover now