တွယ်နှောင်ရစ်ငင်
အပိုင်း(၄၆)
#တွယ်နှောင်ရစ်ငင်
11210424
"အလုံး...ဘယ်မှာလဲ..."
"ဒီမှာ...ကိုချမ်း..."
"ခဏလာပါဦး.."
"ဟုတ်..."
သားရဲ့အ၀တ်တွေကို ဘီဒို အသစ်လေးထဲ ထည့်ပေးနေချိန် ကိုချမ်းက ခေါ်တော့ လက်ထဲက အကျီ င်္ကို သားကို ပေးပြီး ထွက်လာခဲ့ရသည်။
လှေကားက ဆင်းရင်း အိမ်ရှေ့တံခါး၀က ပန်းခြံလေးကို မြင်နေရတာစိတ်ချမ်းသာ ဖို့ကောင်းပါသည်း
ညနေဆိုရင် ပန်းခြံလေးက ရေလောင်းပေးနေရပေမဲ့လည်း ပန်းလေးတွေက အတော်လေး ခံတာ အံသြစရာကောင်းသည်။
ထိုင်ခုံ အဖြူလေး နှစ်ခုနဲ့ အသည်းပုံ ပန်းခြင်းလေးတွေ အလှဆင်ထားသေးသည်။
လှေကား ကနေ ဆင်းလာတော့ ကိုချမ်း က စောင့်နေပြီ..။
"ဘာလို့လဲဟင်..."
"ဧည့်သည်ရောက်နေလို့.."
"ဟင်..."
အလုံး လက်ကို ကိုင်ထားတဲ့ ကိုချမ်းရဲ့ လက်ကို ပိုပြီး ဆုပ်ကိုင်လိုက်မိတော့ကိုချမ်းက လက်ဖြုတ်ပြီး ပခုံးကို ဖက်သည်။
"အဟွင်း..လာ.."
အိမ်ရှေ့ခန်းက ဆိုဖာတွေနဲ့ စားပွဲ တွေ စီထားသလို လိုက်ကာ လေးတွေလည်း ထည့်ထားလို့ အတော်လေး လှနေပါပြီ..။
ဧည့်သည်တွေ သုံးယောက်လုံးကို ပြုံးပြလိုက်ပေမဲ့လည်း မလေး ဆိုတဲ့ တစ်ယောက်ကိုပဲ မှတ်မိသည်။
"ကိုယ့်အဖေက အလုံးကို တွေ့ချင်လို့တဲ့..."
'ဟင်...ဟုတ်....ဟုတ်ကဲ့..နေကောင်းရဲ့လား...အဖေ.."
"အင်း...ငါ မေးစရာ ရှိလို့ ထိုင်ပါဦး.."
"အဖေကလည်း..."
"မင်း ၀င်မပြောနဲ့...ဒီမိန်းကလေး ပြောပါစေ...မင်းရဲ့သား ဆိုလို့ ဒီကိစ္စ ကို ခွင့်ပြုခဲ့တာနော်...ငါ ဘယ်လောက် မျက်နှာပူရလဲ သိတယ်မလား.."
"အဖေကလည်း စိတ်လျော့မှပေါ့..."
ဘေးက အမျိုးသမီး တစ်ယောက်က ၀င်ပြောလိုက်တော့ အလုံး မျက်လွှာချထားမိသည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...