Part 53

11.1K 310 20
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၅၃)

#တွယ်နှောင်ရစ်ငင်

12021040

"ကိုချမ်း....တာ့တာ.."

".........."

ကလေး တစ်ယောက်လို လက်ပြ နှုတ်ဆက်တော့ ငြိမ်းချမ်း ရယ်ရင်း နှုတ်ခမ်းစူပြလိုက်သည်။

အလုံးက ရယ်ပြီး ခြံတံခါးကို ကိုင်၍ ရပ်နေရတော့ ငြိမ်းချမ်း ကားမောင်းထွက်ရသည်။

ဆေးသွင်းပေးထားလို့ လန်းလန်းဆန်းဆန်း ဖြစ်သွားပေမဲ့လည်း စိတ်မချပါဘူး..။

နေကောင်းတာနဲ့ ငြိမ်ငြိမ်ကို မနေတော့တာပဲ..။

အသက်သုံးဆယ်ကျော်သာ ဆိုတယ် ဆယ်ခြောက်နှစ် သမီးလို တက်ကြွ ဖျတ်လတ်နေတာ ဆေးနည်း တောင် ပြန်တောင်းရဦးမည်။

ငြိမ်းချမ်း ပြုံးရင်း ကားကို ကွေ့မောင်းလာခဲ့ကာ အလုံး အကြောင်းတွေးနေမိသည်။

အိမ်ကြီး မှာ ကိုယ်တစ်ယောက်တည်းနေတုန်းက ဘယ်လို ဖြစ်ဖြစ် နေတာပါပဲ..။

အလုံးရောက်လာတော့ မိန်းမ ပီပီ အလုပ်တွေ ချည်းမြင်ပြီးလိုက်လုပ်နေတော့သည်။

ခြံအလုပ်အတွက်နဲ့ အိမ်အလုပ်အတွက် ၀န်ထမ်းလိုနေပြီ..။

အလုံး ပင်ပန်းတာ မကြည့်ရက်ပါဘူး..။

ငြိမ်းချမ်း ကားမောင်းရင်း ဖုန်းကို ဖွင့်လိုက်ကာ မကြီး ဆီကို ဖုန်းဆက်လိုက်သည်။

"ဟလို..မျကီးလား.."

"အင်း...ပြော..ချမ်းချမ်း..."

"ဟိုလေ....အိမ်အလုပ်လေး ကူဖို့ ၀န်ထမ်း တစ်ယောက်လောက် လိုချင်လို့ပါ.."

"အောင်မယ်....မိန်းမရတော့ လူတောင် လိုသွားပြန်ပြီ.."

"အဟွင်း..အလုံးက မလိုဘူး ပြောပါတယ်..ကျွန်တော် က မကြည့်ရက်လို့ပါ.."

"ဖြစ်ရလေ...ဟွန့်...သားယောက်ျားလေးတွေ မွေးရတာ မတန်ပါဘူးအေ...."

"ဟီး...မဟုတ်ရပါဘူးဗျာ...နော်...မကြီး..တစ်ယောက် လောက်..သြေ်ာ....ခြံအလုပ်အတွက်လည်း တစ်ယောက်လောက် တစ်ပတ် နှစ်ရက်လောက်ပဲ လုပ်ရင်လည်း ဖြစ်ပါတယ်..."

တွယ်နှောင်ရစ်ငင်Where stories live. Discover now