Part 33

7.7K 335 34
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၃၃)

#တွယ်နှောင်ရစ်ငင်

"သား..."

"မေ့...နိုးပြီလား.."

"ဘာလို့ ထိုင်အိပ်နေတာလဲ....ကြည့်ဦး...မျက်နှာတောင် ချောင်နေပြီ.."

"မေ့က ဖျားတာကိုး..."

"သား က ထွက်သွားတာကိုး.."

"နောက်မသွားရဲတော့ပါဘူးဗျာ...မောင်ချီရမလား.."

"အမလေး..နေပါ ဆရာသမားရယ်.."

အလုံး အိပ်ရာကနေ လက်ထောက်ထတော့ သားက ထိန်းကိုင်ပေးတော့မှ ကိုချမ်းကို သတိရသွားသည်။

သားရှေ့မှာမို့ အကြည့်ဝေ့ပြီးပဲ ရှာရင်း ခုတင်ပေါ်က ဆင်းရသည်။

မနေ့တုန်းက သားကို ရိုက်လိုက်မိတော့ စိတ်ဆိုးပြီး ပြန်ထွက်သွားမယ် ထင်ခဲ့တာပါ..။

ခုလို အမေ့အနားမှ လက်ထောက် အိပ်ပျော်နေတဲ့သားကို တွေ့ရတော့ စိတ်မကောင်း ဖြစ်ရသည်။

သား လက်မောင်းကို ကိုင်ပြီး မတ်တတ်ရပ်လိုက်ရင်း အခန်းတံခါးကို ကြည့်မိတော့ သားက ရယ်သည်။

"မေ့ဘဲကြီး မောင့်ကို စိန်ခေါ်သွားတယ်.."

"ဟင်..."

"မေ့ကို လုံး၀ လက်မလွှတ်တော့ဘူးတဲ့..."

"ဟင်..."

"မေ့ကလည်း ချက်ချင်းကြီး ကြွေမပြနဲ့...အိနြေ္ဒရရနေနော်..ပဲ သိပ်မကျွေးနဲ့ ကြားလား..."

"ဟယ်..."

အလုံး ကို လက်ညိုးထောင် ကာ ကျိန်းမောင်းနေသည့် သားဖြစ်သူကြောင့်  ရယ်မိတော့သည်၊။

တော်ပါသေးရဲ့..။

အဖေ နဲ့သား စိတ်ဆိုးနေမှာစိုးပြီး ဆုတောင်းရတာလည်း အမောပါပဲ..။

သားက အရင်အတိုင်း ပြန်ဖြစ်သွားလို့ အလုံးလည်း ဝေဒနာတွေကို မေ့ပြီး ပျော်ရပါသည်။

ကိုချမ်း ပြောတယ်ဆိုတာကလည်း အလုံး စိတ်ချမ်းသာအောင် လိမ်နေတာလား မသိပါဘူး..။

ကိုချမ်းက အဲလို ပြောပါ့မလား.။

အလုံး နေမကောင်းတာနဲ့  မူးပြီး ရန်ရှာတာနဲ့ ရောထွေးသွားလို့ အားနာရုံသာ ရှိမှာပါ.။

တွယ်နှောင်ရစ်ငင်Where stories live. Discover now