Part 18

4.6K 226 8
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၁၈)

#တွယ်နှောင်ရစ်ငင်

"မမိချော...ခဏငှားပါ..လျှော်ဖွတ်ပြီး ပြန်ပေးပါ့မယ်.."

"အချိတ် ၀တ်ပြီး ဘယ်အလှူသွားမလို့တုန်း.."

"သား ကျောင်းကို လိုက်သွားမလို့.."

"အမလေး...မိလုံး..နင့်ဟာကလည်း...ရွှေငှား အ၀တ်ငှားသွားရအောင် ဘွဲ့ယူမှာ မို့လို့လားအေ.."

"သားမျက်နှာငယ်ရမှာ စိုးလို့ပါ...သူ့ခမျာ မိဘက စုံတာ မဟုတ်ဘူး...ကျွန်မ က စုတ်ပြတ်နေရင် ဘယ်စိတ်ကောင်းမလဲ.."

"ကဲ့...ယူသွား..လျှော်တော့မလျှော်နဲ့..အရောင်လွင်မယ်.."

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..."

အလုံး အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ခေါင်းပါ တစ်ခါတည်း လျှော်လိုက်သည်။

ခြေနဲ့လက်ကို သနပ်ခါး အမြစ်တုံးသွေးပြီး လူးသည်။

မျက်နှာနဲ့ လည်ပင်းကိုတော့ မိတ်ကပ်လူးပြီး ပေါင်ဒါ ဖို့သည်။

ကိုကြီး ဆီမှာ ဒုက္ခရောက်ခဲ့ပေမဲ့ အစပိုင်းမှာ လိမ်းတာ ဖြီးတာလေးတွေ သိခဲ့ရတာ တော်သေးသည်။

မသုံးတာကြာနေတဲ့ မျက်ခုံးမွှေးဆွဲတံကို တံတွေးစွပ်ပြီးခပ်ပြေပြေလေး ဆွဲလိုက်သည်။

လူသိပ်မကြိုက်တော့သည့် ကြိုးဆွဲ နှုတ်ခမ်းနီကို အနားကွပ် ဆိုးလိုက်ကာ ရိုးရိုး နှုတ်ခမ်းနီ ပန်းရောင်လေးကို အလယ်မှာ ဆိုးပြီး နှုတ်ခမ်းကို ဖိကပ်ပွတ်ဆွဲကာ ပုံချရသည်။

ကျစ်ဆံမြီး ကျစ်ပြီးကာမှ ရိုးသည်ထင်လို့ ဆံပင်တွေကို စုချည်ပြီး ရွှေရောင်ကလစ်ပန်လိုက်သည်။

တစ်ကိုယ်လုံး လိမ်းပြီးတော့မှ အကျီ င်္ကို သနပ်ခါးပေမှာစိုးလို့ လက်နဲ့ပွတ်ချပြီး အကျီ ဖြည်းဖြည်း၀တ်ရသည်။

မချော နဲ့ ကိုယ်လုံး သိပ်မကွာပေမဲ့ တင်တွေ ရင်တွေကျတော့ ကြပ်ချင်သည်။

အချိတ်၀မ်းစက်ဆိုတော့လည်း သိပ်ဆိုးဆိုးဝါးဝါး မဟုတ်တာမို့ ခါးက ချောင်နေတဲ့နေရာကို တစ်ချက် ဆွဲပြီး မှန်ထဲမှာ မျက်နှာကို ပြန်ကြည့်လိုက်သည်။

တွယ်နှောင်ရစ်ငင်Where stories live. Discover now