တွယ်နှောင်ရစ်ငင်
အပိုင်း(၂၂)
#တွယ်နှောင်ရစ်ငင်
11050101
"နေဦး...နေဦး...ဒီ အပင်ကို ခုတ်လို့မရဘူး.."
"ဟင်..."
ငြိမ်းချမ်း ၀ယ်လိုက်တဲ့ ခြံမှာ ရှိနေတဲ့ သစ်ပင်ကို ခုတ်လို့မရဘူးပြောနေတော့ မျက်ခုံးတွန့်သွားသည်။
၀န်ထမ်းငှားပြီး ခြံ ရှင်းနေတာကို စောင့်ကြည့်နေတာမို့ ငြိမ်းချမ်း ထွက်သွားလိုက်သည်။
သစ်ပင်အောက်မှာ လူသုံးယောက်နဲ့ အပင်ခုတ်ဖို့ လုပ်နေတဲ့ လူနှစ်ယောက် စကားပြောနေသည်။
"ဘာဖြစ်လို့လဲ ခင်ဗျ..."
"ဒီအပင်က သက်တမ်းက ကြာနေပြီ...အပင်ခုတ်ဖို့ လုပ်တိုင်း ရွာမှာ ကံဆိုးတက်လို့ပါ...ဆရာ.."
"ကျွန်တော် အယုံအကြည်မရှိပါဘူး...ခုတ်လိုက်ပါ....ခြံထဲ မှောင်နေတယ်.."
"ဆရာလေး..မှားနေပြီ....ဆရာလေး ၀ယ်တဲ့ ခြံထဲမှာ ဒီအပင်မပါဘူးခင်ဗျ..."
"ဟမ်..."
"ကျွန်တော်က ဒီရွာ လူကြီးပါ ...ဒီမှာ မြေပုံ အရ အပင်နဲ့ ခြောက်ပေအကွာက စမှာပါ.."
"ဟ....စည်းရိုးတောင် မဖျက်ရသေးပါဘူးဗျာ...အပင်ရဲ့ အပြင်မှာ စည်ရိုး တွေ့လား.."
"ဟုတ်ပါတယ်...ဒီအိမ်ကြီးက တစ်ချိန်တုန်းက အခင်းတော်တေ်ာများများပိုင်တဲ့ သူဌေးကြီးနေတဲ့အိမ်ပါ ဒီပတ်၀န်းကျင်က...မြေတော်တော် များများ ကို အစိုးရ သိမ်းထားတာပါ....ဒါကြောင့် သူ့ခြံက ဒီက စပါတယ်..."
"ဆရာလေး တို့ဘက်က စည်းရိုးလုပ်ရင် အပင်ကို အပြင်ထုတ်လုပ်ပေးဖို့ သတိလာပေးတာပါ.."
"ကျစ်..."
ငြိမ်းချမ်းစိတ်ပျက်စွာဖြင့် မျက်နှာတွန့်သွားသည်။
ဒီအပင်ကို ခုတ်ချင်လို့ဒီလို သုံးစားမရတဲ့ နေရာ ကြီးကို ၀ယ်ရတာလေ..။
အပင်ကို မထိရဘူးဆိုရင် ဘာလို့ ပိုက်ဆံသုံးဦးမလဲ..။
"..........."
မြက်တွေရှင်းပြီး ကျယ်၀န်းသွားသည့် မြေကွက်လပ်ကြီးကို ကြည့်ကာ သက်ပြင်းတစ်ချက် ချမိသည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...