Part 47

6.7K 275 13
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၄၇)

#တွယ်နှောင်ရစ်ငင်

"အလုံး ရေချိုးတာ ကြာပြီနော်.."

"ဟုတ်.."

အလုံး မိတ်ကပ်တွေ စင်အောင်ဖျက်နေရလို့ ကြာသွားတာမို့ ကပျာကယာ ရေချိုးပြီး ထွက်လာခဲ့ရသည်။

အခန်းထဲ ရောက်တော့မှ အ၀တ်တွေ လဲ၀တ်ပြီး နာရီကြည့်မိသည်။

"မေ့..."

"ဟင်.."

အလုံး အ၀တ်ပြီးချိန် သားက ခေါ်လို့ သားအခန်းထဲကို သွားရပြန်သည်။

"ဘာလို့လဲ..သား.."

"ဒီမှာလေ...မ၀တ်တက်လို့ ၀တ်ပေးဦးမေ့.."

"အိုး...နောက်ကျနေပြီ သားရယ်...ကဲ..လာ...လာ..."

အလုံး အခန်းထဲ ၀င်သွားပြီး ဘီဒိုထဲက ၀တ်စုံ အဖြူကို ဖြုတ်ယူလိုက်သည်။

ခုမှ ရှပ်အကျီ င်္ ကြယ်သီးက အစ လိုက်တပ်ပေးနေရတော့ စိတ်တိုချင်လာသည်။

"ဒါ မောင် မလုပ်တက်ဘူးနော်..."

"အယ်..."

အလုံး အခန်းထဲ က ထွက်ဖို့ ပြင်နေချိန် လှမ်းပြောတော့ သက်ပြင်းချပြီး ပြန်သွားရပြန်သည်။

လည်စည်းချည်တာကို ကိုချမ်းပြထားပေးလို့ ခပ်မြန်မြန်ပဲ ချည်ပေးလိုက်သည်။

"မေ့...ခေါင်းဖြီးပေးဦးလေ.."

"သားနော်...နောက်ကျနေပါပြီဆို..."

အလုံး စိတ်တိုတိုဖြင့် ဘီးကို ကောက်ယူလိုက်ကာ မော့ပြီး ဖြီးပေးဖို့ လက်ရွယ်ချိန် သားရဲ့ မျက်၀န်းတွေကို တွေ့ရတော့ အံသြမိသည်။

"သား...."

"..........."

"ဘာဖြစ်လို့လဲဟင်.."

"..........."

သားက ခေါင်းရမ်းပြီး အလုံးကို ဖက်လိုက်ကာ လက်ထဲက ဘီးကို ယူသွားတော့ လိုက်ကြည့်နေမိသည်။

မှန်ထဲ မှာ ခေါင်းဖြီးနေရင်း မျက်ရည်သုတ်လိုက်တာ တွေတော့ စိတ်မကောင်း ဖြစ်ရသည်။

"သား..စိတ်မကောင်းဖြစ်နေတာလား ဟင်..."

"..........."

တွယ်နှောင်ရစ်ငင်Where stories live. Discover now