တွယ်နှောင်ရစ်ငင်
အပိုင်း(၈)
#တွယ်နှောင်ရစ်ငင်
10290846
"ငါတို့ ကျောင်းခေါ်ရင် အရင်တွက်ကြည့်ထားမယ်.."
"အေး..ကောင်းတယ်..."
"ငါ့စာအုပ်က ကျန်ခဲ့လို့..."
"နင်က အမြဲမေ့နေတာပဲ ကျူရှင်မှာလည်း အဲလိုပဲ.."
"အဟီး...နင်က အမြဲငှားတော့ မေ့တာပေါ့ဟ..."
"...ဟင်.."
ငြိမ်းချမ်း ဆရာမ မရှိချိန် ကျော့ကျော့ခုံကိုသွားပြီး စာအုပ်ပေးရင်း စကားပြောနေမိသည်။
နောက်တံခါး အဝကို ကြည့်လိုက်မိကာ မျက်လုံးပြူးသွားသည်။
အလုံးက ခေါင်းထွက်ပြီး ချောင်းကြည့်နေတော့ နောက်ခုံကို သွားလိုက်သည်။
"ဟေ့...ဘယ်အခန်းကလည်း...ဘာလာလုပ်တာလဲ..."
ငြိမ်းချမ်း မရောက်ခင် ဆရာမက တွေ့ပြီး ဆူနေပြီမို့ ကိုယ့်နေရာကိုသာ ပြန်သွားလိုက်ရသည်။
ကျစ်....စာသင်ချိန်ကြီး အမြဲတမ်း လာကြည့်နေတာပဲ..။
မြန်မာစာ ရေးနေချိန် ငြိမ်းချမ်း အပြင်ထွက်ခွင့်တောင်းပြီး ထွက်လာခဲ့လိုက်သည်။
လှေကားက ဆင်းပြီး အိမ်သာဘက်ကို မသွားပဲ သူတို့ အခန်းရှေ့ကို ဖြတ်သွားသည်။
ငြိမ်းချမ်း ထင်တဲ့အတိုင်း အခန်းရှေ့မှာ လက်မြှောက်ပြီး မတ်တတ်ရပ်နေရပြီ..။
အစတုန်းက အကောင်း ရှိသေးသည်။
ငြိမ်းချမ်းကို တွေ့လိုက်တာနဲ့ မဲ့ပြီး ငိုတော့ စိတ်ညစ်သွားကာ အိမ်သာ ဘက်ကိုပဲ ထွက်လာခဲ့လိုက်သည်။
နေ့ခင်းပိုင်းဆို မတွေ့အားတော့ပေမဲ့လည်း ဒီနေ့တော့ သွားတွေ့ရဦးမည်။
"ချမ်းချမ်းရေ...ငါ ဒီနေ့ နင်ကြိုက်တဲ့ အစပ်ကြော်ပါလာတယ်..."
ကျော့ကျော့က ငြိမ်းချမ်းတို့ အိမ်မှာလည်း ကျူရှင်လာတက်နေတော့ ခင်နေပြီ.။
နေ့တိုင်း ငြိမ်းချမ်း တို့ ဝိုင်းထဲမှာ ထမင်းဝင်စားတက်သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...