တွယ်နှောင်ရစ်ငင်
အပိုင်း(၅၇)
#တွယ်နှောင်ရစ်ငင်
01031212
"တော်သေးတာပေါ့...ဆရာတို့ ပြန်သွားမှာ စိုးနေတာ...သုံးလေးရက်တော့ နေကြဦးဗျာ.."
"မလုပ်ပါနဲ့ဗျာ....ကျွန်တော့်အဖိုးက နေကောင်းတာ မဟုတ်ဘူး.."
"မောင်ချမ်း တစ်ယောက်ကတော့ အဖေရတာနဲ့ ဖားတာ ဆိုတာလေ...ဆရာက ဘာမှ မပြောရသေးဘူး..သူ့ချည်း ငြင်းနေတော့တာပဲ..."
"ဖားပါဘူး...ဖေ့က မောင့်ကို ချစ်တယ်နော်...ဖေ.."
"ချစ်တာပေါ့....သားတစ်ယောက်တည်း ရှိတော့ သူ့ကိုပဲ ချစ်ပေးနေရတာပဲလေ...ဒါကြောင့် သူ့စကားပဲ နားထောင်နေရတယ်..."
"ဟား...ဟား...ဟုတ်တယ်.....ကျွန်တော်တို့အဖွဲ့မှာဆိုလည်း မောင်ချမ်း ဘာလုပ်လုပ် မပြောရဲဘူး..ကလေးလိုပဲ စိတ်ကလည်း ကောက်သေးတယ်...ဟိုတစ်ခါ အလှူတုန်းက နည်းနည်း ငေါက်မိတာ ကျွန်တော့်ကို တစ်လကျော်လောက် စကားမပြောဘူးဗျာ..."
"ဟား..ဟား..ဟုတ်လား..သား.."
"အွင်း....မောင်က ကိုရွှေကို ခင်တယ်...ဒါပေမဲ့သူက ငေါက်တော့ တင်းပြီး မခေါ်တော့တာလေ.."
"အေးပါကွာ...မင်းက ငါ့ညီငါ့သားလိုပဲဆိုတော့ ချော့ပေါင်းရတာပေါ့လေ..."
"ဒါပေါ့...ဒါပေါ့..."
ငြိမ်းချမ်းတို့ရွာကို ပြန်ရောက်တော့ ကိုရွှေ့အိမ်က ထမင်းစားဖိတ်လို့ မိသားစုလိုက် သွားစားရသည်။
အလုံး က ခပ်ရွံရွံဖြင့် ထမင်းကိုပဲ ငုံ့စားနေတော့ ငြိမ်းချမ်း တစ်ချက်ကြည့်မိသည်။
"မလုံးလည်း ထည့်စားလေ.."
"ဟင်..ဟုတ်..."
"ခံသီးငပိချက်လေး...ဆရာ.."
"ဟုတ်ကဲ့...စားကောင်းပါတယ်..."
"ဖေချမ်း အဲဒါတွေ မစားဖူးပါဘူး.."
"စားတော့ မစားဖူးဘူးလေ...စားလို့ရပါတယ်..."
"ဒါက သပြွန်းဟင်း.."
"သြော်..ဟုတ်....ကြက်သားပါတယ်နော်.."
"အင်း....ကြက်သားနဲ့ဘူးသီးချက်သလိုပဲ...ဒါက ကျောက်ဖရုံသီးနဲ့ ချက်ထားတာ ကိုချမ်း.."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...