တွယ်နှောင်ရစ်ငင်
အပိုင်း(၁၅)
#တွယ်နှောင်ရစ်ငင်
11020108
"မလုပ်ပါနဲ့ဆိုကွာ...နှင်းမှုံ သိပ်ဆိုးတာပဲ..."
"ကိုကြီး က အလုံး ရဲ့ ကျေးဇူရှင်ပဲ...အလုံး တက်နိုင်သလောက် ကူပါရစေ..."
"ဇနီးလောင်းက လက်စွမ်းပြ ချက်ပြုတ်ပေးတော့လည်း စားရချည်သေးရဲ့ဗျာ..."
"အဟီး...ငန်တာ ငန် ပေါ့တာပေါ့ပါ....အလုံး သေချာ မချက်တက်သေးဘူး.."
".........."
အလုံး ဟင်းအိုးမွှေနေချိန် ဒေါ်ဥ က ကြက်သွန်နွှာနေရာက အခန်းပြင် ထွက်သွားသည်။
ဦးစိုးမြင့် က အလုံးနားကို ကပ်လာပြီး ခါးကို ဖက်လိုက်တော့ တုန်သွားသည်။
ကိုချမ်း ပြောခဲ့သလို ဘယ်ယောက်ျား ထိတာမှ မခံနဲ့ဆိုပေမဲ့ အလုံးနှုတ်က မပြောထွက်ခဲ့ပါ..။
အစ်ကိုကြီးတစ်ယောက်လိုလည်း ချစ်ခင်တာကြောင့် ခါးလေး ဖက်တာကို အခွင့်အရေး ယူတယ်လို့ မမြင်မိတော့ပါ..။
"နှင်းမှုံ....အစ်ကို့ကို ချစ်လားဟင်..."
"ဟုတ်..ဟုတ်ကဲ့.."
"လက်ပဲထပ်တော့မယ်...နေတာလည်း ကြာလှပြီ...နှင်းမှုံ ကြည့်ရတာ အစ်ကိုနဲ့ မရင်းနီးသလိုပဲကွယ်.."
"ကြောက်...ကြေက်လို့ပါ..."
"အဟွင်း..ဟွင်း...စိတ်ချပါ..အစ်ကို က လူကြီး လူကောင်းတစ်ယောက်ပါ လူသိရှင်ကြား လက်မထပ်ရသေးပဲ ငြိစွန်းတာမျိုး မလုပ်ပါဘူး...နှင်းမှုံက တကယ့်ကလေးပဲကွာ....ကြည့်ဦး...တုန်တောင်နေပြီ..."
"............"
"နှင်းမှုံ ဒီမှာ လိုက်နေတဲ့ ငါးလ အတွင်း အတေ်ာလေး ပြောင်းလဲသွားတာပဲ...ကြည့်စမ်း..အစ်ကို့ထက်တောင် ဖြူနုနေတယ်..."
အလုံးရဲ့ လက်အနားမှာ လက်ရောက်လာပြီး ယှဉ်တော့ အလုံး စိတ်လှုပ်ရှားနေတာ လျော့သွားပြီး ဟီးခနဲ့ ရယ်မိသည်။
"ကိုကြီး...သံပုရာရည် အေးအေးသောက်ချင်တယ်ဆိုလို့အလုံး ရေခဲသေတ္တာထဲထည့်ပေးထားတယ်...."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...