တွယ်နှောင်ရစ်ငင်
အပိုင်း(၄၉)
#တွယ်နှောင်ရစ်ငင်
11260518
"ဟုတ်ကဲ့...မနက်ဖြန် ပစ္စည်းရောက်ပါမယ်...ဟုတ်...ကျေးဇူးတင်ပါတယ်..."
"ဘယ်လိုလဲ ဝယ်သူတွေ အော်နေပြီလား မေ့..."
"အွင်းလေ... ဆယ့်ငါးရက်တောင် ရှိနေပြီ...တော်သေးတာပေါ့...စိတ်မဆိုးသေးလို့.."
"မေ့ကလည်း အားနာပြီး လက်ဆောင်တွေ ထည့်ပေးတာကိုး...ဘယ်ပြောရဲတော့မလဲ.."
ခုတင်ပေါ်မှာ ဝမ်းလျားမှောက်ပြီးဖုန်းနှိပ်နေတဲ့သားရဲ့ ခေါင်းကို ဘောပင်နဲ့ ခေါက်လိုက်ကာ ကိုချမ်းကို သတိရလို့ ပြုံးမိသည်။
အလုံးငယ်ငယ်တုန်းကလည်း ဘောပင်နဲ့ ခဏခဏ အခေါက်ခံခဲ့ရပါသည်။
"ဖေချမ်းကလည်း နောက်ကျလိုက်တာ..."
"အင်း..ဒီနေ့ သားအဘိုးဆီ ကို ဝင်ဦးမယ်လို့ ပြောထားတယ်လေ.."
"ထမင်းစားချိန်ပြန်လာမယ်ဆိုပြီး..အိပ်ချိန်တောင် ရောက်နေပြီ..."
ကလေးပေါက်စလေးလို အဖေကို မျှော်နေတော့ အလုံး ရယ်ချင်သွားသည်။
အဖေ ကအနားမှာ ရှိနေလည်း တစ်ချိန်လုံး ရန်စနေပြီး..။
သူကသာ အဖေမှန်းသိပြီး ရန်စနေပေမဲ့လည်း ကိုချမ်းဘက်က ကြည့်ရင် မလေးမစား လုပ်တယ်လို့ ထင်မှာစိုးရိမ်မိပါသည်။
တစ်ခါတလေ အလုံးက ဝင်ဟန့်ရပေမဲ့ ကိုချမ်းရဲ့ နလုံးသားက သိနေလို့ထင်ပါရဲ့ အတော်လေး သည်းခံရှာပါသည်။
"သားရယ်...ဖေချမ်းကို အရမ်းမစပါနဲ့လား...သူ့အသက်အရွယ် အဆင့်အတန်းနဲ့သူတူတွေ တူမတွေ ဘယ်လို ဆက်ဆံလည်း သားတွေ့တယ်မလား..ချစ်လို့ဆိုပေမဲ့လည်း ရိုရိုသေသေ ဆိုတော့ ကောင်းတာပေါ့.."
"ဟင်း...မောင် ပျော်လို့ပါ..."
"နှစ်ယောက်စလုံး ကလေးလိုပဲ.."
"မေ့ကတော့ နှစ်ယောက်စလုံးရဲ့ အမေလိုပဲနော်...ဟွန့်..."
"အယ်...ဘယ်လိုဖြစ်ပြီး ကျွန်မက ပါလာတာတုန်း.."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...